spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဘားအံမြို့တွင် ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲ (စတုတ္ထအပတ်)နှင့် အားကစားပွဲများပြုလုပ်

ဘားအံမြို့တွင် ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲ (စတုတ္ထအပတ်)နှင့် အားကစားပွဲများပြုလုပ်

 

ဘားအံ ဒီဇင်ဘာ ၂၂

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာအားကစားလ အားကစားလှုပ်ရှားမှုများ အနေဖြင့် လူတိုင်း သက်ရှည်ကျန်းမာရေးအတွက် နေ့စဉ်ကိုယ်လက်လှုပ်ရှား အားကစားများ လုပ်ဆောင်စေရန် အတွက် ရည်ရွယ်၍ လူထုစုပေါင်းလမ်းလျှောက်ပွဲ (စတုတ္ထအပတ်)နှင့် အားကစားပွဲများကို ပြုလုပ်ရာ ယနေ့ နံနက် (၅)နာရီအချိန်တွင် ပြည်နယ်သီရိကွင်းအနီး နှမ်းလုံးကြိုင်လမ်းထိပ်မှ လူထုလမ်းလျှောက်ပွဲကို စတင်ကြသည်။

လူထုလမ်းလျှောက်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်၀န်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးကောလိပ်နှင့် သူနာပြုသားဖွား သင်တန်းသား/သင်တန်းသူများ၊ ကရင် ဘော်ဒါဆောင်မှ ကျောင်းသား/ကျောင်းသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ မြို့ပေါ်ရပ်ကွက်နေပြည်သူများ စုစုပေါင်း(၂၀၀၀၀)ကျော်ခန့်သည် ဘားအံမြို့ ပြည်နယ်သီရိကွင်း အနီး နှမ်းလုံးကြိုင် လမ်းထိမ်မှ စတင်ကာ သီရိလမ်း၊ ဗိုလ်ချုပ်လမ်း နာရီစင်မှတစ်ဆင့် ကမ်းနားလမ်း၊ အင်ကုန်းလမ်းမှတစ်ဆင့် သီရိလမ်းသို့ ပြန်၀င်ကာ ပြည်နယ်သီရိကွင်းတွင် ကိုယ်လက် လှုပ်ရှား ဆေးတစ်ပါး အစီအစဉ် Myanmar Fitness Dance ကိုယ်လက်လှုပ်ရှားမှုကို အတွဲအမှတ်စဉ်များအလိုက် ဆောင်ရွက်ကြသည်။

ဆက်လက်၍ အားကစားပြိုင်ပွဲများကိုကျင်းပပြုလုပ်ရာ လွန်ဆွဲပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲများတွင် မီတာ(၁၀၀၊ ၂၀၀)၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်၊ သီရိကွင်းပတ်ပြေး ပြိုင်ပွဲများကို ကျောင်းအဆင့်၊ တက်ကသိုလ်အဆင့်၊ အလွတ်တန်းအဆင့်၊ ရပ်ကွက်နှင့် ဌာနဆိုင်ရာအဆင့်များကို အားကစားဝါသနာရှင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများက ပျော်ရွင်စွာ ပါ၀င်ယှဉ်ပြိုင်ကြပြီး ဆုများကိုလည်း ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%98%E1%80%AC%E1%80%B8%E1%80%A1%E1%80%B6%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%92%E1%80%AE%E1%80%87%E1%80%84%E1%80%BA%E1%80%98%E1%80%AC%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9C-%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%9C%E1%80%99%E1%80%BA%E1%80%B8%E1%80%9C%E1%80%BB%E1%80%BE%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%85%E1%80%90%E1%80%AF%E1%80%90%E1%80%B9%E1%80%91%E1%80%A1%E1%80%95%E1%80%90%E1%80%BA%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AF%E1%80%9C%E1%80%AF%E1%80%95%E1%80%BA