spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် ဒီဇင်ဘာလ စုပေါင်းလူထုလမ်းလျှောက်ပွဲကျင်းပ

ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် ဒီဇင်ဘာလ စုပေါင်းလူထုလမ်းလျှောက်ပွဲကျင်းပ

ရှမ်းပြည်နယ်၊ ဒီဇင်ဘာ ၂၂

၂၂.၁၂.၂၀၁၈ ရက်နေ့၊နံနက် ၅:၄၅ အချိန်၊ ၂၀၁၈ ခုနှစ်၊ ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် ဒီဇင်ဘာလ စုပေါင်းလူထုလမ်းလျှောက်ပွဲနှင့်ကိုယ်ကာယကြံ့ခိုင်မှု အတွဲ ၁,၂ လေ့ကျင့်ခန်းများ၊ Myanmar Fitness Dance အကများ ကျင်းပပြုလုပ်ခဲ့ပါသည်။

လမ်းလျှောက်ပွဲအား တောင်ကြီးမြို့၊ မြို့မစျေးကြီးရှေ့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၀င် ပြည်နယ်လမ်းပန်းဆက်သွယ်ရေး၀န်ကြီး ဦးခွန်ရဲထွေး မှ သေနတ်ပစ်ဖောက်၍ စတင်တာလွှတ်ပေးခဲ့ပါသည်။

 

အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေး၀န်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရှမ်းပြည်နယ်အား/ကာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ဒုတိယညွန်ကြားရေးမှူး ဦးတင်ထွန်း၊ လ/ထညွှန်ကြားရေးမှူး ဦးတင်မြင့်၊ ပညာရေးကောလိပ်မှ ဆရာ/ဆရာမများ၊ သူနာပြုသင်တန်းကျောင်းမှ ဆရာမများ၊ သားဖွားသင်တန်းကျောင်းမှ သင်တန်းသူများ၊ မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူလူထုများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား (၁၅၂၃၅)ဦး စုပေါင်းလမ်းလျှောက်ပြီး ပြည်နယ်အားကစားကွင်းအတွင်း၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်မှု လေ့ကျင့်ခန်း များပြုလုပ်ပြီး ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%86%E1%80%B1%E1%80%B8%E1%80%9C%E1%80%AD%E1%80%95%E1%80%BA%E1%80%84%E1%80%BD%E1%80%B1%E1%80%B7%E1%80%80%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%84%E1%80%BA%E1%80%9B%E1%80%BE%E1%80%99%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%85%E1%80%BA%E1%80%81%E1%80%BD%E1%80%84%E1%80%BA-%E1%80%92%E1%80%AE%E1%80%87%E1%80%84%E1%80%BA%E1%80%98%E1%80%AC%E1%80%9C-%E1%80%85%E1%80%AF%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%9C%E1%80%99%E1%80%BA%E1%80%B8%E1%80%9C%E1%80%BB%E1%80%BE%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95