ရန်ကုန်၊ အောက်တိုဘာလ(၂၃)ရက်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံကူမင်းမြို့တွင် အောက်တိုဘာ (၁၇)ရက်မှ (၂ဝ)ရက်နေ့အထိ အပြည်ပြည်ဆိုင်ရာနဂါးလှေလှော်အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော (13th IDBF World Nations Championship) ပြိုင်ပွဲတွင် မြန်မာ့ရိုးရာလှေအဖွဲ့မှရွှေတံဆိပ်၊ငွေတံဆိပ်နှင့်ကြေးတံဆိပ်တို့ ဆွတ်ခူးရရှိခဲ့ရာ ယနေ့နံနက်(၁၁)နာရီ(၁၅)မိနစ်အချိန်ကမြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကြဦးသောင်းထိုက်မင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူးဦးစိုးအောင်တို့ ဦးဆောင်၍ အုပ်ချုပ်/နည်းပြ (၇)ဦး၊ ကစားသမားအမျိုးသား(၁၁)ဦး၊ အမျိုးသမီး(၁၃)ဦး စုစုပေါင်း(၃၁)ဦးတို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန်ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား/ကျောင်းသူများ၊ အောင်ပွဲရ အားကစားသမားများ၏ မိဘဆွေမျိုးများက သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြပြီး စုပေါင်း အမှတ်တရမှတ်တမ်းတင်ဓါတ်ပုံရိုက်ခဲ့သည်။
ပွဲစဉ်အရအောက်တိုဘာလ(၁၈)ရက်နေ့တွင်ကျင်းပသော အမျိုးသား/အမျိုးသမီး (၁ဝ)တက်လှော် မီတာ(၂ဝဝဝ)ပြိုင်ပွဲတွင် မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ တရုတ်၊ ကနေဒါ၊ ရုရှား၊စပိန်၊ အိန္ဒိယ၊ UK နိုင်ငံ များယှဉ်ပြိုင်ခဲ့ရာ မြန်မာ မှ ပွဲဦးထွက် ပထမဦးဆုံးရွှေတံဆိပ်ကို ဆွတ်ခူးရရှိခဲ့ပြီး အိမ်ရှင်တရုတ်နိုင်ငံမှ ဒုတိယနှင့် ကနေဒါနိုင်ငံက တတိယရရှိခဲ့ကြသည်။ အောက်တိုဘာ (၁၉)ရက်နေ့က အမျိုးသား/အမျိုးသမီး(၁ဝ)တက်လှော်မီတာ (၁ဝဝဝ)ပြိုင်ပွဲတွင် မြန်မာအသင်းသည်ရေလမ်းကြောင်းဘေးတစ်ဖက်တစ်ချက်မှ လှိုင်းရိုက်ခတ်မှုကြောင့် လှော်တက်ကျိုးခဲ့၍ပြိုင်ပွဲ၌ ပဥ္စမနေရာရရှိခဲ့သည်။ ယင်းပြိုင်ပွဲတွင် အိမ်ရှင်တရုတ်နိုင်ငံက ပထမ၊ ကနေဒါနိုင်ငံက ဒုတိယ၊ အမေရိကန်နိုင်ငံက တတိယ၊ ထို်င်းနိုင်ငံက စတုတ္ထ၊ မြန်မာနိုင်ငံ က ပဥ္စမ ၊ သြစတြေးလျနိုင်ငံ က ဆမြရရှိခဲ့ကြသည်။ အောက်တိုဘာ(၂ဝ)ရက်နေ့တွင် အမျိုးသား/ အမျိုးသမီး (၁ဝ)တက် လှော်မီတာ(၅ဝဝ)ပြိုင်ပွဲ ၌် ထိုင်းနိုင်ငံကပထမ၊ မြန်မာနိုင်ငံကဒုတိယ ငွေတံဆိပ်ဆုနှင့် အိမ်ရှင်တရုတ်နိုင်ငံက တတိယရရှိခဲ့သည်။အောက်တိုဘာ(၂၁)ရက်နေ့တွင် အမျိုးသမီး မီတာ(၂ဝဝ)ပြိုင်ပွဲ၌်အိမ်ရှင်တရုတ်နိုင်ငံက ပထမ၊ ထိုင်းနိုင်ငံက ဒုတိယနှင့် မြန်မာနိုင်ငံက တတိယကြေးတံဆိပ်တို့ကိုဆွတ်ခူးရရှိခဲ့ကြောင်းသတင်းရရှိသည်။