spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၄) တွင် ထိပ်ဆုံးနှစ်သင်း ထိပ်တိုက်တွေ့ဆုံ

အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၄) တွင် ထိပ်ဆုံးနှစ်သင်း ထိပ်တိုက်တွေ့ဆုံ

ရန်ကုန် ဒီဇင်ဘာ ၂၃။

၂ဝ၁၈-၂ဝ၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၄)ကို ဒီဇင်ဘာ ၂၄ ရက်မှ ၂၈ ရက် အထိ ကျင်းပမည်ဖြစ်ပြီး ဇယားထိပ်ဆုံးမှ မြဝတီနှင့် အား/ကာသိပ်ပံအသင်း ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။ ပွဲစဉ်(၄)အဖြစ် ဒီဇင်ဘာ ၂၄ ရက် (ယနေ့) တွင် ဂန္ဓမာအသင်းနှင့် YREO အသင်း၊ ဒီဇင်ဘာ ၂၆ ရက်တွင် တက်ကသိုလ်အသင်းနှင့် ဇွဲကပင်အသင်း၊ ဒီဇင်ဘာ ၂၇ ရက်တွင် သစ်စာအားမာန် အသင်းနှင့် အား/ကာဦးစီးဌာနအသင်း၊ ဒီဇင်ဘာ ၂၇ ရက်တွင် အား/ကာသိပ္ပံအသင်းနှင့် လက်ရှိချန်ပီယံ မြဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ပွဲစဉ်(၃) အပြီးတွင် မြဝတီအသင်းက ကိုးမှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး အား/ကာသိပ္ပံ၊ သစ်စာအားမာန်နှင့် အား/ကာဦးစီးဌာနအသင်းတို့က ခုနစ် မှတ်စီရထားသော်လည်း ဂိုးကွာခြားချက်ဖြင့် အား/ကာသိပ္ပံ ဒုတိယ၊ သစ်စာ အားမာန်က တတိယနှင့် အား/ကာဦးစီးဌာနက စတုတ္ထနေရာတွင် ရပ်တည်နေသည်။ ယင်းအသင်းများ၏ နောက်တွင် ဂန္ဓမာအသင်းက သုံးမှတ်၊ YREOအသင်းက တစ်မှတ်ရထားပြီး ဇွဲကပင်နှင့် တက္ကသိုလ်အသင်းမှာ သုံးပွဲစလုံး ရှုံးနိမ့်ထားသည်။ ယခုတစ်ပတ်တွင် အမှတ်ပေးဇယားထိပ်ဆုံးမှ အသင်းများအချင်းချင်း တွေ့ဆုံနေပြီး ဇယားရပ်တည်မှုများ အပြောင်းအလဲဖြစ်ပေါ်ဖွယ်ရှိနေသည်။

နှစ်နှစ်ဆက်ချန်ပီယံ မြဝတီအသင်းအနေဖြင့် ယခုရာသီတွင် ပထမဆုံးစမ်းသပ်ခံရမည့်ပွဲဖြစ်ပြီး ချန်ပီယံဆု ကာကွယ်နိုင်ရန် အသင်းကြီးများအချင်းချင်း တွေ့ဆုံသည့်ပွဲများတွင် ရလဒ်ကောင်းရရန် လိုအပ်နေသည်။ သစ်စာ အားမာန်နှင့် အား/ကာဦးစီးဌာနအသင်းမှာလည်း ထိပ်ဆုံးနှစ်သင်း တွေ့ဆုံမှုကို အခွင့်ကောင်းယူနိုင်ရန် လိုအပ်နေပေသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%9C%E1%80%AD%E1%80%82%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%95%E1%80%BD%E1%80%B2%E1%80%85%E1%80%89%E1%80%BA-%E1%81%84-%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%91%E1%80%AD%E1%80%95%E1%80%BA%E1%80%86%E1%80%AF%E1%80%B6%E1%80%B8%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%9E%E1%80%84%E1%80%BA%E1%80%B8-%E1%80%91%E1%80%AD%E1%80%95%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%90%E1%80%BD%E1%80%B1%E1%80%B7%E1%80%86%E1%80%AF%E1%80%B6