spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာ-ဂျပန်နှစ်နိုင်ငံဆိုင်ရာအားကစားနှင့်ပတ်သက်၍ လက်ခံလေ့ကျင့်ပေးနိုင်ရန် နားလည်မှုစာချွန်လွှာတရားဝင်လက်မှတ်ရေးထိုး ရန်ပြည်ပထွက်ခွာ

မြန်မာ-ဂျပန်နှစ်နိုင်ငံဆိုင်ရာအားကစားနှင့်ပတ်သက်၍ လက်ခံလေ့ကျင့်ပေးနိုင်ရန် နားလည်မှုစာချွန်လွှာတရားဝင်လက်မှတ်ရေးထိုး ရန်ပြည်ပထွက်ခွာ

 
ရန်ကုန်၊ အောက်တိုဘာလ(၂၄)ရက်။
 
2020 Tokyo  Olympics and Para- Lympics Games များတွင် ပါဝင်ယှဉ်ပြိုင်မည့် မြန်မာအားကစားသမားများအား  ဂျပန်နိုင်ငံ၊ ဆိုင်းတမခရိုင်၊  စူရုဂရှိမမြို့ အနေဖြင့် Host  Town အဖြစ် လက်ခံလေ့ကျင့်ပေးနိုင်ရေး ကိစ္စနှင့်ပတ်သက်၍နားလည်မှုစာချွန်လွှာတရားဝင် လက်မှတ်ရေးထိုးပွဲနှင့် စူရုဂရှိမမြို့ နှင့် ဂျိုဆိုင်း တက္ကသိုလ်တို့၌ မြန်မာအားကစားသမား များနေထိုင်မည့် Pre - Games Training Camp  နှင့် Sports  Facilities များသို့ သွားရောက်လေ့လာခြင်း၊ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံခြင်း၊ စူရုဂရှိမမြို့ရှိ မူလတန်းနှင့်အလယ်တန်းကျောင်းများသို့အောက်တိုဘာ(၂၃)ရက်နေ့ မှ(၂၆)ရက်နေ့အထိ သွားရောက်လေ့လာရန််ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ခေါင်းဆောင်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များလိုက်ပါသော'' Myanmar  Inspection Team''သည် အောက်တိုဘာ(၂၃)ရက် ည(၉)နာရီအချိန်က ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ဂျပန်နိုင်ငံသို့ ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များက ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။ 
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC-%E1%80%82%E1%80%BB%E1%80%95%E1%80%94%E1%80%BA%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%AC%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%90%E1%80%BA%E1%80%9E%E1%80%80%E1%80%BA%E1%81%8D-%E1%80%9C%E1%80%80%E1%80%BA%E1%80%81%E1%80%B6%E1%80%9C%E1%80%B1%E1%80%B7%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%B1%E1%80%B8%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%94%E1%80%BA