spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အာရှ ယူ-၁၉ ခြေစစ်ပွဲအတွက် မြန်မာအမျိုးသမီးအသင်း စတင်လေ့ကျင့်

အာရှ ယူ-၁၉ ခြေစစ်ပွဲအတွက် မြန်မာအမျိုးသမီးအသင်း စတင်လေ့ကျင့်

 
ရန်ကုန် ဒီဇင်ဘာ ၂၃။
 
မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် ၂ဝ၁၉ ခုနှစ် ဧပြီလတွင် ယှဉျပြိုင်ရမည့် အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့်အတွက် ဒီဇင်ဘာ ၂၄ ရက်တွင် စတင်လေ့ကျင့်မည်ဖြစ်သည်။
 
ပထမအဆင့်ခြေစစ်ပွဲကို အောက်တိုဘာလက ကျင်းပခဲ့ပြီး မြန်မာအသင်းသည် အကောင်းဆုံးအုပ်စုဒုတိယဖြင့် နောက်တစ်ဆင့် တက်ရောက်ခဲ့ပြီး ယခုဒုတိယအဆင့်တွင် ခြေစွမ်းပိုမိုကောင်းမွန်ပြီး ခြေစစ်ပွဲအောင်မြင်ရန် ပြင်ဆင်မည်ဖြစ်သည်။ မြန်မာယူ-၁၉ အမျိုးသမီးအသင်းယှဉ်ပြိုင်မည့် အာရှ ယူ-၁၉ ခြေစစ်ပွဲ ဒုတိယအဆင့်တွင် ပထမအဆင့်မှ တက်ရောက်လာသည့် တောင်ကိုရီးယား၊ သြစတြေးလျ၊ ဗီယက်နမ်၊ ဥဇဘက်ကစ်စတန်၊ မြန်မာ၊ အီရန်၊ လက်ဘနွန်၊ နီပေါအသင်းတို့ ယှဉျပြိုင်မည်ဖြစ်သည်။ ပထမအဆင့်မှတက်လာသည့် ရှစ်သင်းကို လေးသင်းနှစ်အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံး နှစ်သင်းစီမှာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် အာရှ ယူ-၁၉ ခြေစစ်ပွဲ ပထမအဆင့်ကို အောက်တိုဘာလက ယှဉ်ပြိုင်ခဲ့ပြီး တစ်လကျော်နီးပါး လေ့ကျင့်မှုရပ်နားကာ ဒီဇင်ဘာ ၂၄ ရက်တွင် လေ့ကျင့်မှု စတင်ပြုလုပ်မည်ဖြစ်သည်။ မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် ပထမအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်ခဲ့သည့် ကစားသမားအများစုဖြင့် ပြန်လည်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကစားသမားသစ်အချို့ ပြန်လည်ပါဝင်လာသည်။ မြန်မာယူ-၁၉ အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက ဆက်လက်ကိုင်တွယ်မည်ဖြစ်ပြီး ၂ဝ၁၉ အာရှ ယူ-၁၉ ခြေစစ်ပွဲ အောင်မြင်ရန် အချိန်ယူပြင်ဆင်မည်ဖြစ်သည်။ မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီလမှစ၍ ခြေစမ်းပွဲစတင်ကစားမည်ဖြစ်ပြီး ပြည်ပလေ့ကျင့်ရေးခရီးစဉ်နှင့် နိုင်ငံတကာခြေစမ်းပွဲများ ကစားခွင့်ရရန်လည်း ဆောင်ရွက်လျက်ရှိသည်။
 
မြန်မာယူ-၁၉ အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ - ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ်-ဒေါ်သက်သက်ဝင်း၊ လက်ထောက် နည်းပြ- ဒေါ်စန်းစန်းမော်၊ ဒေါ်စန်းယုနိုင်၊ ဂိုးနည်းပြ-ဦးကိုကိုအောင်၊ ကစားသမားများအဖြစ် ဂိုး-ထက်အိႁန္ဒြာလင်း၊ သရဖီအောင်၊ ဇူးလတ်နဒီ၊ သော်သော်နိုင်၊ နောက်တန်း-အိအိကျော်၊ နှင်းမြသဇင်၊ ကြည်ပြာလင်း၊ လင်းမြင့်မိုရ်၊ မိုးမမစိုး၊ နန့်ဇူဇူထက်၊ နော်ထက်ထက်ဝေ၊ သဇင်အောင်၊ သဲအိမိုး၊ ဇင်ယော်ခင်၊ ဇွန်ယုယဦး၊ အလယ်တန်း- အေးအေးထွေး၊ ဘွဲ့လျန်ကိန်း၊ မေဖူးကို၊ မိုးမိုးသန်း၊ နန်းဟွမ်လှိုင်၊ သန်တာဝင်း၊ ဝင်းစန္ဒာထွန်း၊ ရှေ့တန်း-အေးမြတ်ခိုင်၊ နော်အိမွေဖော၊ အိစန္ဒိဇော်၊ လင်းလဲ့ဦး၊ နွယ်နီဝင်း၊ စန်းသော်သော်တို့ ပါဝင်ကြသည်။
 
ကြေးမုံသတင်းစာမှ ကောက်နှုတ်ဖော်ပြသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE-%E1%80%9A%E1%80%B0-%E1%81%81%E1%81%89-%E1%80%81%E1%80%BC%E1%80%B1%E1%80%85%E1%80%85%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%90%E1%80%BD%E1%80%80%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8-%E1%80%85%E1%80%90%E1%80%84%E1%80%BA%E1%80%9C%E1%80%B1%E1%80%B7%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B7