နေပြည်တော်၊ ဒီဇင်ဘာ (၂၁)ရက်။
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂ဝ၁၈ ခုနှစ်၊ အရှေ့တောင်အာရှ အပျော်တမ်းအသင်းလိုက် တံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ယနေ့နံနက် (၇:၃ဝ) နာရီ အချိန်မှစ၍ နေပြည်တော် မြို့တော်ဂေါက်ကွင်းတွင် ကျင်းပပြုလုပ်ရာ အမျိုးသားပွဲစဉ်များအဖြစ် Lion Cup တစ်ဦးချင်း ပြိုင်ပွဲတွင် ပြည့်ဖြိုးသူ (မြန်မာ) မှ ယနေ့ရိုက်ချက်(၇၄)ချက် (၂)ရက်ပေါင်းရိုက်ချက် (၁၄၄)ချက်ဖြင့် သတ်မှတ်ရိုက်ချက်အတိုင်း ပထမနေရာမှ ဦးဆောင်၍လည်းကောင်း၊Denwit David Boripoonsub (ထိုင်း)မှ ယနေ့ရိုက်ချက်(၇၅)ချက် (၂)ရက်ပေါင်းရိုက်ချက် (၁၄၇)ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် (၃)ချက်ပို၍ ဒုတိယနေရာမှ လည်းကောင်း၊ Lion Cupအသင်းလိုက် ပြိုင်ပွဲတွင် မြန်မာအသင်းမှ ယနေ့ရိုက်ချက် (၁၄၇)ချက် (၂)ရက်ပေါင်းရိုက်ချက် (၂၉၆)ချက်ဖြင့် ပထမနေရာတွင် ဦးဆောင်၍ လည်းကောင်း၊ အင်ဒိုနီးရှားအသင်းမှ ယနေ့ရိုက်ချက် (၁၅၃)ချက် (၂)ရက်ပေါင်းရိုက်ချက် (၂၉၈)ချက်ဖြင့် ဒုတိယ နေရာမှလည်းကောင်း၊ Putra Cup တစ်ဦးချင်း ပြိုင်ပွဲတွင်Tanapat Pichaikool (ထိုင်း)မှ ယနေ့ရိုက်ချက် (၆၇)ချက် (၂)ရက်ပေါင်းရိုက်ချက် (၁၃၈)ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် (၆)ချက်လျော့၍ ပထမနေရာတွင် ဦးဆောင်၍ လည်းကောင်း၊ Nopparat Panichphol (ထိုင်း)မှ ယနေ့ရိုက်ချက် (၆၈)ချက် (၂)ရက်ပေါင်းရိုက်ချက် (၁၄၂)ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက်(၂)ချက်လျော့၍ ဒုတိယနေရာမှ လည်းကောင်း၊ Putra Cupအသင်းလိုက်ပြိုင်ပွဲတွင် ထိုင်းအသင်းမှ ယနေ့ရိုက်ချက် (၂ဝ၈)ချက် (၂)ရက်ပေါင်းရိုက်ချက် (၄၂၃)ချက်ဖြင့် ပထမနေရာမှ ဦးဆောင်၍ လည်းကောင်း၊ ဖိလစ်ပိုင်အသင်းမှ ယနေ့ရိုက်ချက် (၂၁၄)ချက် (၂)ရက်ပေါင်းရိုက်ချက် (၄၃၃)ချက်ဖြင့် ဒုတိယ နေရာမှ လည်းကောင်း၊ အမျိုးသမီးပွဲစဉ်များအဖြစ် Santi Cupတစ်ဦးချင်း ပြိုင်ပွဲတွင် Bianca Isabel Pagdanganan (ဖိလစ်ပိုင်)မှ ယနေ့ရိုက်ချက် (၆၉)ချက် (၂)ရက်ပေါင်းရိုက်ချက် (၁၃၉)ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက်(၅)ချက်လျော့၍ ပထမနေရာမှ ဦးဆောင်၍လည်းကောင်း၊ Lois Kaye Go (ဖိလစ်ပိုင်)မှ ယနေ့ရိုက်ချက် (၇ဝ)ချက် (၂)ရက်ပေါင်းရိုက်ချက် (၁၄၁)ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက်(၃)ချက်လျော့၍ ဒုတိယနေရာမှ လည်းကောင်း၊ Santi Cupအသင်းလိုက်ပြိုင်ပွဲတွင် ဖိလစ်ပိုင်အသင်းမှ ယနေ့ရိုက်ချက် (၁၃၉)ချက် (၂)ရက်ပေါင်းရိုက်ချက် (၂၈ဝ)ချက်ဖြင့် ပထမနေရာမှ ဦးဆောင်၍လည်းကောင်း၊ ထိုင်းအသင်းမှ ယနေ့ရိုက်ချက် (၁၄၂)ချက် (၂)ရက်ပေါင်းရိုက်ချက် (၂၈၉)ချက်ဖြင့် ဒုတိယ နေရာမှလည်းကောင်း၊Kartini Cup တစ်ဦးချင်းပြိုင်ပွဲတွင် သင်းဝေခိုင်(မြန်မာ)မှ ယနေ့ရိုက်ချက် (၇၁)ချက် (၂)ရက်ပေါင်းရိုက်ချက် (၁၄၃)ချက်ဖြင့် သတ်မှတ်ရိုက်ချက် ထက်(၁) ချက်လျော့၍ ပထမနေရာမှ ဦးဆောင်၍လည်းကောင်း၊ Junia Louise Gabasa (ဖိလစ်ပိုင်)မှ ယနေ့ရိုက်ချက် (၇၁)ချက် (၂)ရက်ပေါင်းရိုက်ချက် (၁၄၄)ချက်ဖြင့် သတ်မှတ်ရိုက်ချက် အတိုင်း ဒုတိယ နေရာမှလည်းကောင်း၊ Kartini Cup အသင်းလိုက်ပြိုင်ပွဲတွင် ထိုင်းအသင်းမှ ယနေ့ရိုက်ချက် (၁၄၆)ချက် (၂)ရက်ပေါင်းရိုက်ချက် (၂၉၄)ချက်ဖြင့် ပထမနေရာမှ ဦးဆောင်၍ လည်းကောင်း၊ ဖိလစ်ပိုင်အသင်းမှ ယနေ့ရိုက်ချက် (၁၅ဝ)ချက် (၂)ရက်ပေါင်း ရိုက်ချက် (၂၉၉)ချက်ဖြင့် ဒုတိယ နေရာမှလည်းကောင်း အသီးသီးရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ ပြိုင်ပွဲကို (၂ဝ.၁၂.၂ဝ၁၈) ရက်နေ့မှ (၂၃.၁၂.၂ဝ၁၈)ရက်နေ့အထိ နေ့စဉ် နံနက်(၇း၃ဝ)အချိန်တွင် နေပြည်တော်မြို့တော် ဂေါက်ကွင်း၌ အသီးသီးယှဉ်ပြိုင် ကစားကြမည် ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါဝင်စားသော မိဘပြည်သူ များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုနိုင်ကြောင်း သိရှိရပါသည်။