spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာ ယူ-၂၂ အသင်းနှင့် ကာတာ ယူ-၂၂ အသင်း ခြေစမ်းကစားမည်

မြန်မာ ယူ-၂၂ အသင်းနှင့် ကာတာ ယူ-၂၂ အသင်း ခြေစမ်းကစားမည်

 

ရန်ကုန် ဒီဇင်ဘာ ၂၄။

 

အကြိမ် (၃ဝ)မြောက် ဆီးဂိမ်းပြိုင်ပွဲ အပါအဝင် နိုင်ငံတကာပြိုင်ပွဲများ ယှဉျပြိုင်ရမည့် မြန်မာ ယူ-၂၂ အသင်းသည် အာရှထိပ်သီး ကာတာ ယူ-၂၂ အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ယင်း ခြေစမ်းပွဲကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၁ဝ ရက်တွင် ကာတာနိုင်ငံ ဒိုဟာမြို့၌ ကျင်းပမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် ယခုနှစ်လယ် ပိုင်းကတည်းက စတင်ပြင်ဆင်ခဲ့ သော်လည်း ယခုနှစ်အတွင်း ယှဉ်ပြိုင် သည့် ဖိတ်ခေါ်ပြိုင်ပွဲများတွင် ကစား သမားသစ်များကို အဓိက ပွဲထုတ်ခဲ့ပြီး ယခုပြန်လည်လေ့ကျင့်ရာတွင်မူ အမာခံကစားသမား အစုံအလင်ဖြင့် တောက်လျှောက် လေ့ကျင့်ပြင်ဆင်မည်ဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းသည် ဗီယက်နမ် ဖိတ်ခေါ် ပြိုင်ပွဲအပြီးတွင် လေ့ကျင့်မှုရပ်နားထားပြီး ဒီဇင်ဘာ ၂၆ ရက်တွင် ပြန်လည်လေ့ကျင့်မည် ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ၂ဝ၁၈ ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲတွင် ဒုတိယရခဲ့သည့်အသင်းကို အခြေခံ ဖွဲ့စည်းမည်ဖြစ်ပြီး ၂ဝ၁၈ ဆူဇူကီးဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းမှ အသက်မီသည့် ကစားသမားများ လည်း ပြန်လည်ပါဝင်လာမည်ဖြစ်သည်။ ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဦးကြည်လွင်က ဆက်လက် ကိုင်တွယ်မည်ဖြစ်ပြီး လက်ထောက်နည်းပြများအဖြစ် ဦးချစ်နိုင်၊ ဦးကျော်လွင်၊ ကြံ့ခိုင်ရေးနည်းပြ မားကပ်စ် (ဂျာမနီ)၊ ဂိုးနည်းပြ ဦးမျိုးကျော်အောင်တို့က တာဝန်ယူ ဆောင်ရွက်မည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် အဓိကနိုင်ငံတကာပြိုင်ပွဲများ မယှဉ်ပြိုင်မီ ခြေစွမ်းမြင့်မားသည့် ကာတာ ယူ-၂၂ အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် အတွေ့အကြုံကောင်းများ ရရှိမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ၂ဝ၁၉ ခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများအဖြစ် ဖေဖော်ဝါရီလတွင် အာဆီယံ ယူ-၂၂ ပြိုင်ပွဲ၊ မတ်လတွင် အာရှ ယူ-၂၃ ခြေစစ်ပွဲ၊ နိုဝင်ဘာလတွင် အကြိမ် (၃ဝ) မြောက် ဆီးဂိမ်းပြိုင်ပွဲတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းသည် ယခုနှစ်အတွင်း တရုတ်ဖိတ်ခေါ်ပြိုင်ပွဲနှင့် ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲတို့ ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးယှဉ်ပြိုင်သည့် ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဗိုလ်လုပွဲ၌ အိမ်ရှင်ဗီယက်နမ်ကို ရှုံးနိမ့်ပြီး ဒုတိယဆုဖြင့် ကျေနပ်ခဲ့ရသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC-%E1%80%9A%E1%80%B0-%E1%81%82%E1%81%82-%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%80%E1%80%AC%E1%80%90%E1%80%AC-%E1%80%9A%E1%80%B0-%E1%81%82%E1%81%82-%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8-%E1%80%81%E1%80%BC%E1%80%B1%E1%80%85%E1%80%99%E1%80%BA%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%99%E1%80%8A%E1%80%BA