spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အမျိုးသားတံခွန်စိုက်ကြက်တောင်ပြိုင်ပွဲ အားကစားသမား ၄၃ဝ ကျော် ယှဉ်ပြိုင်

အမျိုးသားတံခွန်စိုက်ကြက်တောင်ပြိုင်ပွဲ အားကစားသမား ၄၃ဝ ကျော် ယှဉ်ပြိုင်

 

ရန်ကုန် ဒီဇင်ဘာ ၂၄။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်တို့ ပူးပေါင်း ၍ ၂ဝ၁၈ ခုနှစ် အမျိုးသားတံခွန်စိုက် ကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၄ရက် နံနက်ပိုင်းက လမ်းမတော်မြို့နယ် အနော်ရထာလမ်းရှိ မြန်မာနိုင်ငံ ကြက်တောင် အဖွဲ့ချုပ် အားကစားခန်းမ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ် ဒုတိယဥက်ကြ ဦးသက်စံ၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် နာယကကြီးများနှင့် အမှုဆောင်များ၊ တိုင်း ဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ အားကစား မောင်မယ်များ၊ ဒိုင်လူကြီးများ၊ ကြက်တောင် အားကစားဝါသနာရှင်များ တက်ရောက်ကြ သည်။

''ဒီပြိုင်ပွဲကြီးကို မြန်မာ့လက်ရွေးစင်တွေ၊ လူငယ်လက်ရွေးစင်တွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက လက်ရွေးစင်အားကစား မောင်မယ်တွေ၊ ကလပ်အသင်းတွေက မျိုးဆက်သစ်လူငယ် အားကစားသမားတွေ၊ ဝါသနာရှင်တွေ စုစုပေါင်းအားကစားသမား ၄၃ဝ ကျော်ပါဝင်ပြီး ပြိုင်ပွဲအတန်း အမျိုးအစား ၃ဝ ကျော် ယှဉ်ပြိုင်မှာဖြစ်လို့ မြန်မာနိုင်ငံမှာ အဆင့်မြင့်ဆုံး ကြက်တောင် ပြိုင်ပွဲကြီးဖြစ်ပါတယ်'' ဟု မြန်မာနိုင်ငံကြက်တောင် အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးသက်စံက ပြောကြားသည်။

အဆိုပါပြိုင်ပွဲတွင် အသက် ၁၁ နှစ် အောက်၊ အသက် ၁၃ နှစ်အောက်၊ အသက် ၁၅ နှစ်အောက်၊ အသက် ၁၇ နှစ်အောက်နှင့် အသက် ၁၉ နှစ်အောက် သက်ငယ်တန်း ပြိုင်ပွဲများ၊ သာမန်သက်ကြီးတန်းပြိုင်ပွဲနှင့် သက်ကြီး တန်းပြိုင်ပွဲ၊ အလွတ်တန်းပြိုင်ပွဲ များအပါအဝင် တစ်ဦးချင်းပြိုင်ပွဲ၊ နှစ်ယောက်တွဲပြိုင်ပွဲများ ပါဝင်ကြောင်း၊ ပြိုင်ပွဲကို ယနေ့မှစ၍ ဒီဇင်ဘာ ၂၈ ရက်အထိ ဆက်လက်ယှဉျပြိုင်သွားမည် ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် ထူးခွၽန် အားကစားသမားများကို ဆီးဂိမ်းနှင့် အာရှပြိုင်ပွဲများသို့ စေလွှတ်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်အနေဖြင့် ကြိုးစားအားထုတ်မှုရလဒ်အဖြစ် အောင်မြင်မှုများစတင်ရရှိနေ ပြီဖြစ်ရာ ၂ဝ၁၈ ခုနှစ်အတွင်း နိုင်ငံတကာကြက်တောင် အားကစားပြိုင်ပွဲများမှ ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်ရှစ်ခု စုစုပေါင်း ဆုတံဆိပ် ၁၂ ခု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%90%E1%80%B6%E1%80%81%E1%80%BD%E1%80%94%E1%80%BA%E1%80%85%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%80%E1%80%BC%E1%80%80%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%99%E1%80%AC%E1%80%B8-%E1%81%84%E1%81%83%E1%80%9D-%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA-%E1%80%9A%E1%80%BE%E1%80%89%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA