spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > တစ်ဦးချင်း၊ အသင်းလိုက်နှင့် ထူးချွန်ဆုများ ချီးမြှင့်မည့် MFF/MNL Awards Night 2018 ဒီဇင်ဘာ ၂၇ ရက် ကျင်းပမည်

တစ်ဦးချင်း၊ အသင်းလိုက်နှင့် ထူးချွန်ဆုများ ချီးမြှင့်မည့် MFF/MNL Awards Night 2018 ဒီဇင်ဘာ ၂၇ ရက် ကျင်းပမည်

 

ရန်ကုန် ဒီဇင်ဘာ ၂၅။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီတို့ ပူးပေါင်းကျင်းပမည့် MFF/MNL Awards Night 2018 ဒီဇင်ဘာ ၂၇ ရက် ညပိုင်းတွင် ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပမည်ဖြစ်ပြီး တစ်ဦးချင်း၊ အသင်းလိုက်နှင့် ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်မည်ဖြစ်သည် ယင်းဆုပေးပွဲတွင် ၂၀၁၈ တစ်ရာသီအတွင်း ကျင်းပခဲ့သည့် ပြည်တွင်းပြိုင်ပွဲများတွင် ဆုရရှိသည့်အသင်းများ၊ လိဂ်အလိုက် အကောင်းဆုံး ကစားသမားဆုနှင့် သွင်းဂိုးအများဆုံးဆုများ အပါအဝင် ထူးချွန်ဆုများ ချီးမြှင့်မည်ဖြစ်သည်။ ထို့ပြင်မ ၂၀၁၈ ခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရခဲ့သည့် မြန်မာဘောလုံးအသင်းများကိုလည်း ဆုကြေးငွေများ ချီးမြှင့်မည်ဖြစ်သည်။

၂၀၁၈ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ၊ ယူ-၂၁ အမှတ်ပေးပြိုင်ပွဲ၊ ယူ-၁၉ အမှတ်ပေးပြိုင်ပွဲ၊ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ၊ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ၊ ယူ-၂၀ အမှတ်ပေးပြိုင်ပွဲ၊ ယူ-၁၈ အမှတ်ပေးပြိုင်ပွဲတွင် ချန်ပီယံဆုရရှိသည့် အသင်းများ၊ သွင်းဂိုးအများဆုံးဆုနှင့် အကောင်းဆုံးကစားသမားဆုများ ပေးအပ်ချီးမြှင့်မည့်အပြင် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆုကို ရွေးချယ်ချီးမြှင့်မည်ဖြစ်သည်။ လိဂ်ပြိုင်ပွဲအလိုက် ဆုရအသင်းများကို ဆုများချီးမြှင့်မည်ဖြစ်သော်လည်း ကျန်ရှိသည့်ဆုများ အပါအဝင် ဆုအားလုံး ပြန်လည်ချီးမြှင့်မည်ဖြစ်သည်။

၂၀၁၈ ရာသီတွင် MNL အမှတ်ပေးပြိုင်ပွဲ၌ ရန်ကုန်အသင်း၊ ယူ-၂၁ပြိုင်ပွဲ၌ အား/ကာသိပ္ပံ(က) အသင်း၊ ယူ-၁၉ ပြိုင်ပွဲ၌ ရှမ်းယူနိုက်တက်အသင်း၊ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတွင် ရန်ကုန်အသင်း၊ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ၌ ရွိုင်ရယ်သန်လျင်အသင်း၊ ယူ-၂၀ ပြိုင်ပွဲ၌ အား/ကာသိပ္ပံ (ခ) အသင်း၊ ယူ-၁၈ ပြိုင်ပွဲ၌ ဒဂုံအသင်းတို့ ဗိုလ်စွဲခဲ့သည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%90%E1%80%85%E1%80%BA%E1%80%A6%E1%80%B8%E1%80%81%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%81%8A-%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA-%E1%80%91%E1%80%B0%E1%80%B8%E1%80%81%E1%80%BB%E1%80%BD%E1%80%94%E1%80%BA%E1%80%86%E1%80%AF%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%81%E1%80%BB%E1%80%AE%E1%80%B8%E1%80%99%E1%80%BC%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%E1%80%99%E1%80%8A%E1%80%B7%E1%80%BA-mffmnl-awards-night-2018-%E1%80%92%E1%80%AE%E1%80%87%E1%80%84%E1%80%BA%E1%80%98%E1%80%AC