spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် မှ ရှမ်းပြည်နယ်(တောင်ပိုင်း) ရှိ ခရိုင်၊မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနများမှ တာ၀န်ခံများ နှင့် တွေ့ဆုံပြီး အားကစားပြိုင်ပွဲများအား ကြည့်ရှုအားပေး

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် မှ ရှမ်းပြည်နယ်(တောင်ပိုင်း) ရှိ ခရိုင်၊မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနများမှ တာ၀န်ခံများ နှင့် တွေ့ဆုံပြီး အားကစားပြိုင်ပွဲများအား ကြည့်ရှုအားပေး

 
ရှမ်းပြည်နယ်၊ ဒီဇင်ဘာ (၂၄)။
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် ၊ ပြည်နယ်အား/ကာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း နှင့် အဖွဲ့၀င်များ၊ ခရိုင်တာ၀န်ခံများ နှင့် အဖွဲ့၀င်တို့သည် ၂၃ - ၁၂ - ၂၀၁၈ ရက်နေ့၊ ညနေ ( ၅:၀၀ )နာရီအချိန်တွင် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ်အားကစားကွင်း အရှေ့ဘက်ရှိ အားကစားလေ့ကျင့်ရေး (၃) ထပ်ဆောင်ရှိ ရိုးရာလက်ဝှေ့ - မြန်မာ့သိုင်း၊ ဘိလိယက်နှင့်စနူကာ၊ တိုက်ကွမ်ဒို၊ ကရာတေးဒို၊ စားပွဲတင် တင်းနစ်၊ GYM အားကစားနည်း ( ၆ ) နည်း ဖွင့်လှစ်ထားရှိမှုအား ကြည့်ရှု့ စစ်ဆေးပြီး သင်တန်းဆရာ / နည်းပြများအား တွေ့ဆုံပြီး လိုအပ်သည်များကို မှာကြားခဲ့ပြီး ၂၀၁၈ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်၀န်ကြီးချုပ် ဖလား TSDP အစီအစဉ်အရ ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်အလိုက် အလွတ်တန်း အားကစားပြိုင်ပွဲများတွင် ကျင်းပလျက်ရှိသော တိုက်ကွမ်ဒို အားကစားပြိုင်ပွဲ ဆုရရှိသူများအား ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း မှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
 
 
 
ဆက်လက်ပြီး ၂၄ - ၁၂ -၂၀၁၈ ရက်နေ့၊ နံနက် ( ၉း၃၀ ) အချိန်တွင် ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးအစည်းအေ၀းခန်းမတွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် မှ ရှမ်းပြည်နယ်(တောင်ပိုင်း) ရှိ ခရိုင်၊မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနများမှ တာ၀န်ခံများ နှင့် တွေ့ဆုံကာ လိုအပ်သည်များကို မှာကြားခဲ့ပါသည်။
 
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%81%80%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%81%8A-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94-%E1%80%99%E1%80%BE-%E1%80%8A%E1%80%BD%E1%80%BE%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AC%E1%80%B8%E1%80%9B%E1%80%B1%E1%80%B8%E1%80%99%E1%80%BE%E1%80%B0%E1%80%B8%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA