spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > တိုက်ကွမ်ဒိုအားကစားနည်းအခြေခံသင်တန်း သင်ကြားပေးလျက်ရှိ

တိုက်ကွမ်ဒိုအားကစားနည်းအခြေခံသင်တန်း သင်ကြားပေးလျက်ရှိ

ဖားဆောင်း၊ ဒီဇင်ဘာ ၂၄

ကယားပြည်နယ် ဖားဆောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနကဦးစီး၍ လူထုအားကစားလှုပ်ရှား မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ တိုက်ကွမ်ဒိုအားကစားနည်း အခြေခံသင်တန်းကို ယမန်နေ့ကစတင်၍ မြို့နယ်အားကစားရုံနှင့် နန်းကစ်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တို့၌ သင်ကြားပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါသင်တန်းတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးမှူးက တိုက်ကွမ်ဒိုကစားနည်း အခြေခံပညာရပ်များကို လက်တွေ့ကစားပြသင်ကြားပေးလျက်ရှိကာ မြို့နယ်အတွင်းရှိ တိုက်ကွမ်ဒိုအားကစားနည်းဝါသနာပါကြသည့် လူကြီးလူငယ် အင်အား ၂၀၀ ခန့် တက်ရောက်လျက်ရှိပြီး သင်တန်းကာလတစ်လ ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။

Crd: နန်းသဲနုအောင်၊ မြ၀တီသတင်းစာ

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%80%E1%80%BD%E1%80%99%E1%80%BA%E1%80%92%E1%80%AD%E1%80%AF%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%8A%E1%80%BA%E1%80%B8%E1%80%A1%E1%80%81%E1%80%BC%E1%80%B1%E1%80%81%E1%80%B6%E1%80%9E%E1%80%84%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8-%E1%80%9E%E1%80%84%E1%80%BA%E1%80%80%E1%80%BC%E1%80%AC%E1%80%B8%E1%80%95%E1%80%B1%E1%80%B8%E1%80%9C%E1%80%BB%E1%80%80%E1%80%BA%E1%80%9B%E1%80%BE%E1%80%AD