spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အရှေ့တောင်အာရှ ခြင်းလုံးအဖွဲ့ချုပ် ဖွဲ့စည်းခြင်းနှင့် အာရှခြင်းလုံးအဖွဲ့ချုပ်အစည်းအဝေးများ အာင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

အရှေ့တောင်အာရှ ခြင်းလုံးအဖွဲ့ချုပ် ဖွဲ့စည်းခြင်းနှင့် အာရှခြင်းလုံးအဖွဲ့ချုပ်အစည်းအဝေးများ အာင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

 
နေပြည်တော်၊အောက်တိုဘာ(၃ဝ)ရက်။
 
အရှေ့တောင်အာရှခြင်းလုံးအဖွဲ့ချုပ် ဖွဲ့စည်းခြင်း နှင့်အာရှခြင်းလုံးအဖွဲ့ချုပ်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ် ညှိနှိုင်းအစည်းအဝေးကို ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာ(၁၄)ရက်နေ့မှ (၁၆)ရက်နေ့အထိ မြန်မာနိုင်ငံ နေပြည်တော်ရှိ ဥတ္တရသီရိဟိုတယ်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ၄င်းအစည်း အဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁ဝ) နာရီအချိန်တွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများ၊ အာရှခြင်းလုံးအဖွဲ့ချုပ်ဥက္ကဌ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးစိုးနိုင်၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးကျော်မင်းထွန်းနှင့်တာဝန်ရှိသူများ၊သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
 
 
ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်က အမှာစကားပြောကြားရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်လျက်ရှိသော အဆင့်အတန်းကို တွေ့မြင်စေလိုကြောင်း၊ မြန်မာတို့၏ ရိုးရာအားကစားနည်းဖြစ်သော ခြင်းလုံးအားကစားနည်းကို ယခင်ကပြည်တွင်းပြိုင်ပွဲများသာ ကျင်းပနိုင်ခဲ့သော်လည်း ၂ဝ၁၃ ခုနှစ်၊ (၂၇)ကြိမ်မြောက် အရှေ့့တောင်အာရှအားကစားပြိုင်ပွဲမှ စတင်၍  (၂၈)၊(၂၉)ကြိမ်မြောက်တွင် ပါဝင်ကျင်းပနို်င်ခဲ့ပြီးဖြစ်ကြောင်းနှင့် (၃ဝ)ကြိမ်မြောက် တွင်ပါဝင်နိုင်အောင် ကြိုးစားဆောက်ရွက်လိုကြောင်း၊ ရေရည်တွင် မိမိတို့ ရိုးရာအားကစား နည်းကို နိုင်ငံတကာပြိုင်ပွဲများ၊ အာရှနှင့်အရှေ့တောင်အာရှပြိုင်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်နိုင်ရေးနှင့်  အရှေ့တောင်အာရှခြင်းလုံးအဖွဲ့ချုပ်ကို တရားဝင်ဖွဲ့စည်းနိုင်မှသာ ကျင်းပ နိုင်မည်ဖြစ်ကြောင်း၊ အရှေ့တောင်အာရှခြင်းလုံးအဖွဲ့ချုပ် ဖွဲ့စည်းခြင်းနှင့်အာရှခြင်းလုံး အဖွဲ့ချုပ် အစည်းအဝေးများသို့ အိမ်ရှင်မြန်မာနိုင်ငံအပါအဝင် အာရှ/အာဆီယံနိုင်ငံများ ဖြစ်သော မလေးရှား၊ ဘရူနိုင်း၊ ကမေ္ဘာဒီးယား၊ လာအို၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တီမော၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ သီရိလကင်ာ္နှင့် အီရန် နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်ကြောင်း၊ အစည်းအဝေးပွဲသို့ တက်ရောက်မည့် ကိုယ်စားလှယ်များ၏ လုံခြုံရေးသည် အရေးကြီးကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များကို စီစဉ်ဆောင်ရွက်ပေးစေလိုကြောင်း၊ သက်ဆိုင်ရာနိုင်ငံများသို့ အလွယ်တကူ ဆက်သွယ်နိုင်ရန် wifi  နှင့်Sim Card များ စီစဉ်ဆောင်ရွက်ပေးစေလိုကြောင်း၊ နေ့စဉ်ထုတ် သတင်းစာနှင့် TV Sport ထုတ်လွှင့်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးစေလိုကြောင်း၊ သယ်ယူ ပို့ဆောင်ရေးအတွက် လိုအပ်သော ယာဉ်များလည်း ထားရှိပေးစေလိုကြောင်း၊ ပြည်ဝင်ခွင့် ဗီဇာများလည်း ကူညီပေးစေလိုကြောင်း၊ Liaison Officers   များလည်း စီစဉ်ဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့်လည်း အစည်းအဝေးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သောအကူအညီများကို ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ကြီးဌာန အသီးသီးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။
 
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အစည်းအဝေးနှင့်ပက်သက်သော လုပ်ငန်းကိစ္စရပ်များကို ထပ်မံဆွေးနွေး ပြောကြားပြီးနောက် သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် အခက်အခဲများအား ဆွေးနွေးတင်ပြ ပြီးနောက် ညွှန်ကြားရေးမှူးချုပ်မှ ပြန်လည်ဆွေးနွေးပြောကြားပါသည်။
 
ထို့နောက် တက်ရောက်လာကြသော ဝန်ကြီးဌာနအသီးသီး၏ ကိုယ်စားလှယ်များမှ အထွေထွေဆွေးနွေးကြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%9B%E1%80%BE%E1%80%B1%E1%80%B7%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE-%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA-%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%85%E1%80%8A%E1%80%BA%E1%80%B8%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%A1%E1%80%85%E1%80%8A%E1%80%BA%E1%80%B8%E1%80%A1%E1%80%9D%E1%80%B1%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8