spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာ ယူ-၂၂ အသင်းနှင့် အိုမန် ယူ-၂၂ အသင်း ခြေစမ်းပွဲကစားမည်

မြန်မာ ယူ-၂၂ အသင်းနှင့် အိုမန် ယူ-၂၂ အသင်း ခြေစမ်းပွဲကစားမည်

 
ရန်ကုန် ဒီဇင်ဘာ (၂၆)
 
အကြိမ် (၃ဝ)မြောက် ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းသည် ဇန်နဝါရီ ၇ ရက်တွင် အိုမန် ယူ-၂၂ အသင်းနှင့် ခြေစမ်းပွဲယှဉျပြိုင်ကစားမည်ဖြစ်သည်။
 
မြန်မာ ယူ-၂၂ အသင်းသည် ဇန်နဝါရီ ၁ဝ ရက်တွင် ကာတာ ယူ-၂၂ အသင်းနှင့် ခြေစမ်းပွဲကစားရန် သဘောတူညီမှု ရထားပြီး ကာတာနိုင်ငံသို့ မသွားရောက်မီ အိုမန် နိုင်ငံသို့ သွားရောက်ကာ အိုမန် ယူ-၂၂ အသင်းနှင့် ယှဉ်ပြိုင်ကစားခြင်း ဖြစ်သည်။ အိုမန်ဘောလုံးအဖွဲ့ချုပ် သည် မြန်မာ ယူ-၂၂ အသင်းနှင့် ခြေစမ်းပွဲကစားရန် ဖိတ်ကြားခဲ့ရာ ကာတာ ယူ-၂၂ အသင်းနှင့်လည်း ကစားရန်ရှိနေသောကြောင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က လက်ခံခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းကို ၂ဝ၁၉ ဆီးဂိမ်းပြိုင်ပွဲအတွက် ရည်ရွယ်ဖွဲ့စည်းထားသော်လည်း ဖေဖော်ဝါရီတွင် ယှဉ်ပြိုင်ရမည့် အာဆီယံ ယူ-၂၂ ပြိုင်ပွဲနှင့် မတ်လတွင် ယှဉျပြိုင်ရမည့် အာရှ ယူ-၂၃ ခြေစစ်ပွဲအတွက် စတင်ပြင်ဆင်ရမည်ဖြစ်ပြီး ယင်းပြိုင်ပွဲနှစ်ခု မတိုင်မီ အာရှအသင်းကြီးများဖြစ်သည့် ကာတာ၊ အိုမန်အသင်းတို့နှင့် ကစားခွင့်ရသောကြောင့် အတွေ့အကြုံကောင်းများ ရရှိမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် အိုမန်နှင့် ကာတာခြေစမ်း ခရီးစဉ်အတွက် ဒီဇင်ဘာ ၂၈ ရက်တွင် စခန်းဝင်လေ့ကျင့်မှု စတင်ပြုလုပ်မည်ဖြစ်ပြီး ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ် ပြိုင်ပွဲတွင် ဒုတိယရခဲ့သည့်အသင်းကို အခြေခံကာ ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် မူလက ဒီဇင်ဘာ ၂၆ ရက်တွင် လေ့ကျင့်ရန် စီစဉ်ထားသော်လည်း နှစ်ရက်နောက်ဆုတ်ခဲ့ခြင်းဖြစ်သည်။ ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဦးကြည်လွင်၊ လက်ထောက်နည်းပြများအဖြစ် ဦးချစ်နိုင်၊ ဦးကျော်လွင်၊ ဂိုးနည်းပြအဖြစ် ဦးမျိုးကျော်အောင်၊ ကြံ့ခိုင်ရေး နည်းပြအဖြစ် မားကပ်စ် (ဂျာမနီ) တို့က ကိုင်တွယ်မည် ဖြစ်သည်။
 
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၂၂ အသင်း အောင်မြင်မှု ရရန်အတွက် ပြင်ဆင်မှုများစွာ ပြုလုပ်မည်ဖြစ်ပြီး အဓိကနိုင်ငံတကာပြိုင်ပွဲများ မယှဉ်ပြိုင်မီ နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
 
မြန်မာ့အလင်းသတင်းစာမှ ကောက်နှုတ်ဖော်ပြသည်

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC-%E1%80%9A%E1%80%B0-%E1%81%82%E1%81%82-%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%A1%E1%80%AD%E1%80%AF%E1%80%99%E1%80%94%E1%80%BA-%E1%80%9A%E1%80%B0-%E1%81%82%E1%81%82-%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8-%E1%80%81%E1%80%BC%E1%80%B1%E1%80%85%E1%80%99%E1%80%BA%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%99%E1%80%8A%E1%80%BA