တီးတိန် ဒီဇင်ဘာ (၂၆)
၂၀၁၈-ခုနှစ်၊ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး(TSDP)အစီအစဉ်အရ ကျင်းပပြုလုပ်သော တီးတိန်မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌဖလား အသက်(၁၄)နှစ်အောက် ဘောလုံး ပြိုင်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၆ ရက်နေ့တွင်ကမ်းဟောက် အားကစားကွင်း၌ ပြုလုပ်သည်။
အခမ်းအနားတွင်မြို့နယ်စီမံခန့်ခွဲ မှုကော်မတီဥက္ကဌ ဦးဂိုဆွင်းခိုင်က အမှာစကားပြောကြားပြီး ပြိုင်ပွဲ ဖွင့်လှစ်ပေးသည်။ အဆိုပါ ဘောလုံးပြိုင်ပွဲတွင် အသင်း(၂၂)ပါ၀င်ပြီး ၂၀၁၉ ဇန်နဝါရီ (၄) ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်