spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဌာနဆိုင်ရာ အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ပို့ဆောင်ရေးအသင်းဗိုလ်စွဲ

ဌာနဆိုင်ရာ အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ပို့ဆောင်ရေးအသင်းဗိုလ်စွဲ

 
သာစည် ဒီဇင်ဘာ (၂၇)
 
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ဒီဇင်ဘာအားကစားလှုပ်ရှားမှုအဖြစ် ဌာနဆိုင်ရာ အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ယမန်နေ့ ညနေ ၄ နာရီက ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို မြို့နယ် ပြည်သူ့ အားကစားကွင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။
 
ဗိုလ်လုပွဲတွင် မြန်မာ့မီးရထားမှ ပို့ဆောင်ရေးအသင်းနှင့် မြို့လျှပ်စစ်အသင်းတို့ ယှဉ်ပြိုင်ကြရာ ပို့ဆောင်ရေးအသင်းကနှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိကာ ပထမဆုရရှိခဲ့ကြောင်းသိရသည်။
 
ပြိုင်ပွဲအပြီးတွင် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပထမရရှိသော ပို့ဆောင်ရေးအသင်းအား ဆုငွေ ကျပ်တစ်သိန်း၊ ဒုတိယရရှိသောမြို့လျှပ်စစ်အသင်းအား ဆုငွေကျပ်ခုနှစ်သောင်းနှင့် နေရာအလိုက် အကောင်းဆုံး အားကစားသမားများအား ဆုတံဆိပ်များနှင့်ငွေသားဆုများကို တာ၀န်ရှိသူများက ဆုများ ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။
 
အဆိုပါ ဗိုလ်လုပွဲနှင့် ဆုပေးပွဲသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးစံထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစစ်ငြိမ်းအေး၊ ဌာနဆိုင်ရာများ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးသိန်းမိုးနှင့် ဖိတ်ကြားထားသူများ တက်ရောက်အားပေးခဲ့ကြောင်းသိရသည်။
 
မြို့နယ်ပြန်/ဆက်

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%8C%E1%80%AC%E1%80%94%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%AC-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%A1%E1%80%9C%E1%80%BD%E1%80%90%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8-%E1%80%95%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%95%E1%80%AD%E1%80%AF%E1%80%B7%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8%E1%80%97%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%85%E1%80%BD%E1%80%B2