မော်လိုက် ဒီဇင်ဘာ (၂၇)
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အနေဖြင့် Pacific Hunt Energy ကုမ္ပဏီနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် အ.မ.က ကျောင်း ပေါင်းစုံ U-11 အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက မော်လိုက်မြို့ ပြည်သူ့ အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲတွင် မော်လိုက်မြို့ပေါ်ရှိ အ.မ.က ကျောင်း (၇)ကျောင်းတို့မှ ပါဝင်ယှဉျပြိုင်ခဲ့ကြပြီး ပထမ ပွဲစဉ်အဖြင့် အ.မ.က အမှတ်(၃)ကျောင်းနှင့် အ.လ.က(ခွဲ)တပ်နယ်ကျောင်းတို့ ယှဉျပြိုင်ကစားခဲ့ကြရာ အ.မ.က အမှတ်(၃)ကျောင်းက အနိုင်ရခဲ့သည်။
အဆိုပါ U-11 အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲသို့ Pacific Hunt Energy ကုမ်ပဏီမှ တာဝန်ရှိသူများ မြို့နယ်ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ ဆရာ၊ ဆရာမများ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများ ကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့် ပြိုင်ပွဲကို နံနက်ပိုင်းတစ်ပွဲ ညနေပိုင်း တစ်ပွဲဖြင့် ဇန်နဝါရီ လ ၄ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မော်လိုက်သားလေး