မန္တလေး ဒီဇင်ဘာ (၂၇)
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အကွက်(ခ/၄၁၆)ရှိ ရွှေမန်းတောင် အားကစား ကွင်း၌ (၇၁)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဝန်ကြီးချုပ်ဖလား (၇)ခရိုင် ကျောင်းပေါင်း စုံအသက်(၁၂)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၆ ရက် ညနေ ၃နာရီက ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကအဖွင့်အမှာ စကားပြောကြားပြီး ခရိုင်(၇)ခရိုင်မှ အဖွဲ့ခေါင်းဆောင်များ၊ အုပ်ချုပ်သူနှင့်နည်းပြ ဆရာများကို YOUTH DEVELOPMENT PILOT PROJECT COMMITTEE MANDALAY REGION (YDPPC)ကော်မတီ ဥက္ကဌ ဒေါ်မေမြတ်နွယ်နှင့် အတွင်းရေးမှူးဦးအောင်ဝင်းြေးတို့က အမှတ်တရ လက်ဆောင်များပေးအပ်ကြသည်။
ထို့နောက် ပြိုင်ပွဲဝင်ကစားသမားများအားဝန်ကြီးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များမှ လိုက်လံနှုတ်ဆက်ကြပြီး အားကစားသမားများ ကအားကစားအဓိဌာန်ရွတ်ဆိုကြသည်။ ဆက်လက်၍ဘင်ခရာအဖွဲ့မှ ဂုဏ်ပြုတီးခတ်ဖျော်ဖြေလျက်ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ရမည်းသင်းခရိုင်နှင့် မိတ်ထီလာခရိုင် အသင်းတို့က စတင်ယှဉ်ပြိုင်ကစားကြသည်။
အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီး ချုပ်ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာခင်မောင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ကျော်ကျော်မင်းနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး အားကာသိပ္ပံကျောင်းအုပ်ကြီးညွှန်ကြားရေးမှူးဦးမျိုးမြင့်အောင်၊ မန္တလေးတိုင်းဒေသကြီးကျန်းမာရေး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးဝေဇင်၊ YOUTH DEVELOPMENT PILOT PROJECT COMMITTEE MANDALAY REGION(YDPPC) ကော်မတီ ဥက္ကဌ ဒေါ်မေမြတ်နွယ်၊ အတွင်းရေးမှူး ဦးအောင်ဝင်းဌေး၊ တိုင်း၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်(၇)ခရိုင်မှအဖွဲ့ ခေါင်းဆောင်များ၊ အုပ်ချုပ်သူများ၊ မန္တလေးခရိုင်၊ ပြင်ဦးလွင်ခရိုင် ၊ကျောက်ဆည်ခရိုင်၊ ညောင်ဦးခရိုင်၊ မိတ်ထီလာခရိုင်၊ မြင်း ခြံခရိုင်၊ ရမည်းသင်းခရိုင်များရှိ ကျောင်းပေါင်းစုံမှအသက် (၁၂)နှစ်အောက် အမျိုးသား အားကစားသမားများ စုစုပေါင်း(၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
ဇော်လင်းဦး(အောင်စံ)