မြိတ် ဒီဇင်ဘာ (၂၈)
အခြေခံပညာကျောင်း(၂၄)ကျောင်းပါ၀င်ယှဉ်ပြိုင်သည့် ကျောင်းပေါင်းစုံ Myanmar Fitness Dance ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့က မြိတ်မြို့၊ ကန်ဖျားရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများအနက် ရွေးချယ်ခံရသည့်အသင်း ဆယ်သင်း ပထမ/ ဒုတိယ/ တတိယလုပွဲယှဉ်ပြိုင်ကြကာ အ.ထ.က(၁)အသင်းမှ ပထမ၊ အ.လ.က(၅)အသင်းမှ ဒုတိယနှင့် အ.ထ.က(၃) အသင်းမှ တတိယရရှိခဲ့ကာ ဆုရရှိသည့် အသင်းများအား မြိတ်ခရိုင်အား/ကာမှူး ဦးဇော်ဇော်ထွဋ်၊ မြိတ်မြို့နယ် အား/ကာမှူး ဦးထွန်းရှိန်နှင့် မြိတ်မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးကျော်ရှိန်တို့က ဆုတံဆိပ်နှင့် တံခွန်စိုက်ဆုဖလားကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဇော်မျိုးနိုင်(မြိတ်ခရိုင်ပြန်/ဆက်)