spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝူရှူးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝူရှူးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

 
နေပြည်တော်၊ ဒီဇင်ဘာလ(၂၈)ရက်။
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်တို့ပူးပေါင်း၍ကျင်းပသော ၂၀၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝူရှူးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် (၈)နာရီအချိန်တွင် နေပြည်တော် ဝူရှူ လေ့ကျင့်ရေးရုံ၊ လယ်ဝေး၌ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့်တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်မှ တာ၀န်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြပါသည်။
 
 
 
ရှေးဦးစွာ ပြိုင်ပွဲ၀င်အသင်းများ ကွင်းအတွင်း၀င်ရောက်နေရာယူပြီးနောက် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲကျင်းပရခြင်းမှာ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်လာစေရေးအတွက် အထောက်အကူပြုစေရေး၊ ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရေး ဝူရှူးအားကစားကို Mass Sport အဖြစ် ကျယ်ပြန့်လာစေရေးအတွက်ရည်ရွယ်ပါကြောင်း၊ ဝူရှူးအားကစားနည်းသည် လူငယ်/လူရွယ်များအကြား စိတ်၀င်စားသောကိုယ်ခံပညာရပ်ဖြစ်ပြီး နည်းစနစ်ပိုင်း ကျွမ်းကျင်မှု၊ ဇွဲ၊ သတ္တိ၊ လုံ့လဝီရိယနှင့် ပြည့်၀လျှင် ထူးချွန်နိုင်သော အားကစားနည်းတစ်ရပ်ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားမောင်မယ်များသည် မိမိတို့၏အစွမ်းအစ အရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး မိမိတို့ကိုယ်စားပြုယှဉ်ပြိုင်သောအသင်းအောင်နိုင်ရေးအတွက် အနိုင်မခံ အရှုံးမပေးဘဲ ဇွဲ၊ စိတ်ဓါတ်ဖြင့် သန့်ရှင်းစွာ ယှဉ်ပြိုင်ကစားကြစေလိုကြောင်း၊ အားကစားသမားအချင်းချင်း တစ်ဦးနှင့်တစ်ဦး ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး စည်းကမ်းနှင့်အညီ ပြည်ထောင်စုစိတ်ဓါတ်ကို ဖော်ဆောင်သွားကြစေလိုကြောင်း၊ ပြိုင်ပွဲကြီးကြပ်မည့် ဒိုင်လူကြီးများအနေဖြင့် ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ တရားမျှတမှန်ကန်စွာဖြင့် တိကျစွာ ဆုံးဖြတ်ဆောင်ရွက်ပေးစေလိုကြောင်း  တိုက်တွန်းမှာကြားရင်း ၂၀၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝူရှူးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါသည်။
 
 
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှွှန်ကြားရေးမှူးချုပ်နှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်မှတာ၀န်ရှိသူများသည် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ချန်းချွမ်(အမျိုးသား)ပြိုင်ပွဲနှင့် ဆန်းဆိုပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။
 
ဆက်လက်၍  ၂၀၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝူရှူးပြိုင်ပွဲကို  နေပြည်တော် ဝူရှူးလေ့ကျင့်ရေးရုံ၊ လယ်ဝေး၌ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်း(၁၃)သင်း၊ အားကစားသမား(၁၅၆)ဦးတို့သည် (၂၈.၁၂.၂၀၁၈) ရက်နေ့ မှ(၃၀.၁၂.၂၀၁၈)ရက်နေ့အထိ အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့လာရောက် ကြည့်ရှုနိုင်ကြောင်းသိရှိရပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%9D%E1%80%B0%E1%80%9B%E1%80%BE%E1%80%B0%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%81%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%94%E1%80%AC%E1%80%B8%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95