spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၈ခုနှစ်၊ အမျိုးသားတံခွန်စိုက် ကြက်တောင်ပြိုင်ပွဲ ဆုပေးပွဲကျင်းပ

၂၀၁၈ခုနှစ်၊ အမျိုးသားတံခွန်စိုက် ကြက်တောင်ပြိုင်ပွဲ ဆုပေးပွဲကျင်းပ

 
ရန်ကုန်၊ ဒီဇင်ဘာလ(၂၈)ရက်။
 
မျိုးဆက်သစ်ကြက်တောင်အားကစားသမားများ လက်ရွေးစင်အားကစားသမားများပေါ်ထွက်လာစေရန်နှင့် မြန်မာ့ကြက်တောင်လောက တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် အလုပ်အမှုဆောင်များ တတိယအကြိမ်ကျင်းပသည့် အမျိုးသားတံခွန်စိုက်ကြက်တောင်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့ညနေ(၃)နာရီက ရန်ကုန်မြို့ လမ်းမတော်မြို့နယ် အနော်ရထာလမ်းရှိ အမျိုးသားကြက်တောင်အားကစားခန်းမ၌ ကျင်းပခဲ့သည်။
 
 
ပြိုင်ပွဲအပြီးတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ပိုင်၊  ဒုတိယဥက္ကဋ္ဌများ၊အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့်အလုပ်အမှုဆောင်များ၊ နည်းပြနှင့်ဒိုင်လူကြီးများတို့က အသက်(၉)နှစ်အောက် အမျိုးသား/အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက်တွဲ၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ၊ အသက် (၁၁)နှစ်အောက် အမျိုးသား/အမျိုးသမီး တစ်ဦးချင်း ပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက်တွဲ၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ၊ အသက်(၁၃)နှစ်အောက် အမျိုးသား/အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက်တွဲ၊ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ၊ အသက်(၁၅)နှစ်အောက် အမျိုးသား/အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက်တွဲ၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ၊ အသက်(၁၇)နှစ်အောက် အမျိုးသား/အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက်တွဲ၊ အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲ၊ အသက်(၁၉)နှစ်အောက် အမျိုးသား/အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသား နှစ်ယောက်တွဲ၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ၊ သာမန်တန်း အမျိုးသား/အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက်တွဲ၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ၊ သက်ကြီးတန်း နှစ်ယောက်ပေါင်း(၉၀)၊ နှစ်ယောက်ပေါင်း(၁၀၀)၊ နှစ်ယောက်တွဲ (၁၁၀)ပြိုင်ပွဲ၊ အကြီးတန်း အမျိုးသားတစ်ဦးချင်း၊ အကြီးတန်းအမျိုးသားနှစ်ယောက်တွဲနှင့် အကြီးတန်းအမျိုးသမီးတစ်ဦးချင်း၊ အကြီးတန်းအမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲများတို့တွင် ပထမဆု၊ ဒုတိယဆုနှင့် ပူးတွဲတတိယဆုရရှိသူများအား ဆုများကိုအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%90%E1%80%B6%E1%80%81%E1%80%BD%E1%80%94%E1%80%BA%E1%80%85%E1%80%AD%E1%80%AF%E1%80%80%E1%80%BA-%E1%80%80%E1%80%BC%E1%80%80%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%86%E1%80%AF%E1%80%95%E1%80%B1%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95