spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ(ပဉ္စမပတ်)နောက်ဆုံးလူထုစုပေါင်း လမ်းလျှောက်ပွဲဆင်နွှဲ

၂ဝ၁၈ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ(ပဉ္စမပတ်)နောက်ဆုံးလူထုစုပေါင်း လမ်းလျှောက်ပွဲဆင်နွှဲ

ရန်ကုန်၊ ဒီဇင်ဘာလ( ၂၉ )ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစား နှင့်ကာယပညာဦးစီးဌာန သည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံး တစ်မျိုးသားလုံး အမျိုးသားအားကစားစိတ်ဓါတ်အပြည့်အဝဖြင့် ပြည်သူလူထုတစ်ရပ်လုံး လှုပ်ရှား ပါဝင်ဆင်နွှဲစေရန် ရည်ရွယ်၍ ဒီဇင်ဘာလူထုအားကစားလ ပဉ္စမပတ်နောက်ဆုံး လူထုစုပေါင်း လမ်းလျှောက်ပွဲကို ယနေ့နံနက်(၅)နာရီခွဲက ရန်ကုန်မြို့အောင်ဆန်း အားကစားပြိုင်ဝင်း (အထူးတန်း) ဝင်ပေါက်ရှေ့မှ စတင်တာထွက်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်နှင့် အစိုးရ အဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ñွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် (အား/ကာ)ခရိုင်/မြို့နယ် အရာရှိများ၊ ဖိတ်ကြားထားသူများ၊  မြို့နယ်ပေါင်းစုံမှ ပြည်သူလူထုများ၊ ကျောင်းသား/ ကျောင်းသူများ၊   အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)မှ ကျောင်းသား/ ကျောင်းသူများ၊ အထက(၁)ဒဂုံမှ ဘင်ခရာ၊ ပန်းပွား အက ကျောင်းသူလေးများနှင့် အတူ တပျော်တပါး စုပေါင်းလမ်းလျှောက်ပွဲ ကို ပါဝင် ဆင်နွှဲခဲ့ကြသည်။

 

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက သေနတ်ပစ်ဖောက်၍ စတင်တာလွှတ်ပေးခဲ့ရာ စုပေါင်းလမ်းလျှောက်ပွဲကို အောင်ဆန်းအားကစားပြိုင်ဝင်း (အထူးတန်း) ဝင်ပေါက်ရှေ့မှ စတင်တာထွက်၍ ဦးထောင်ဗိုလ်အဝိုင်းမှ ကန်တော်ကြီးပတ်လမ်းအတိုင်း၊ လက်ယာကပ်လျှောက်၍ အထက်ပန်းဆိုးတန်း လမ်းမအတိုင်း အောင်ဆန်းအားကစားပြိုင်ဝင်း အရှေ့ပေါက်သို့ ပြန်လည်ပန်းဝင်ကာ မြို့နယ် အလိုက် လူဦးရေ လေးသောင်းကိုးထောင်ငါးရာခန့်ပြည်သူများက စုပေါင်း ကိုယ်လက်ကြံ့ခိုင်ရေး အစီအစဉ် အတွဲအမှတ်(၁/၂)နှင့် Myanmar Fitness Dance အကလေ့ကျင့်ခန်းများ ပြုလုပ်ကြပြီး လမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲကြသော ကျောင်းသား/ ကျောင်းသူများအား Mega Co.,Ltd မှ GINSOMIN များ လှူဒါန်းခြင်း၊ Lotte MGS ကုမ္ပဏီမှအချိုရည်များ လှူဒါန်းခြင်းနှင့် ပြည်သူများအား 100 Plus အားဖြည့် အချိုရည်များနှင့် Calsome ကွေကာများ တိုက်ကျွေးကူညီခဲ့ကြောင်း သတင်းရရှိသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%92%E1%80%AE%E1%80%87%E1%80%84%E1%80%BA%E1%80%98%E1%80%AC%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9C%E1%80%95%E1%80%89%E1%80%B9%E1%80%85%E1%80%99%E1%80%95%E1%80%90%E1%80%BA%E1%80%94%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%86%E1%80%AF%E1%80%B6%E1%80%B8%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%85%E1%80%AF%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8-%E1%80%9C%E1%80%99%E1%80%BA%E1%80%B8%E1%80%9C%E1%80%BB%E1%80%BE%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%86%E1%80%84%E1%80%BA%E1%80%94%E1%80%BD%E1%80%BE%E1%80%B2