spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ်၊ စားပွဲတင်တင်းနစ်အဖွဲ့ချုပ် ဥက္ကဌဖလားကျင်းပ

၂ဝ၁၈ခုနှစ်၊ စားပွဲတင်တင်းနစ်အဖွဲ့ချုပ် ဥက္ကဌဖလားကျင်းပ

ရန်ကုန်၊ ဒီဇင်ဘာလ(၂၉)ရက်။              

၂ဝ၁၈ခုနှစ်၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ် ဥက္ကဌဖလား စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉) နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်း ၊ အမျိုးသားရေကူးကန်ရှိ မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ချုပ်၌ ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနား၌ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ် ဥက္ကဌ ဦးကျော်ကျော်က အဖွင့်အမှာစကားပြောကြားရာတွင် အားကစားသမားများ၊ နည်းပြများ ချစ်ကြည်ရင်းနှီးမှုရရှိခြင်း၊ စားပွဲတင်တင်းနစ်အားကစားသမားများ၏ အားကစားအဆင့်အတန်းမြင့်မားရေး၊ စားပွဲတင်တင်းနစ်အားကစား တိုးတက်ပြန့်ပွားစေရေးအတွက်လည်းကောင်း၊ မြန်မာနိုင်ငံ စားပွဲတင်တင်းနစ်အဖွဲ့ချုပ် အနေဖြင့် နိုင်ငံတကာအားကစားပြိုင်ပွဲများမှ နိုင်ငံတော်၏ အားကစားဂုဏ်ကို မြှင့်တင်ပေးနိုင်မည့် အားကစားသမားလူရည်ချွန်မောင်/မယ်များနှင့် မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်နိုင်ရေးကို အဓိကထားပြီး ယခုလို နှစ်စဉ်မပြတ် အမြဲပြုလုပ်လေ့ရှိသည့် မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ် ဥက္ကဌဖလား စားပွဲတင်တင်းနစ် ပြိုင်ပွဲကို ပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ ဝိုင်းဝန်းကူညီပေးသော Wow Sports Co.Ltd., မှ တာဝန်ရှိသူများ၊ အနယ်နယ်အရပ်ရပ်မှ လာရောက်ယှဉ်ပြိုင်ကြသော အားကစားသမားများနှင့် ကြည့်ရှုအားပေးကြသော ပရိသတ်များအား အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြား၍ ပြိုင်ပွဲကိုဖွင့်လှစ် ပေးခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် အမျိုးသားအလွတ်တန်းပြိုင်ပွဲ၊ အမျိုးသားဒုတိယတန်းပြိုင်ပွဲနှင့် အမျိုးသားအသက်(၁၈)နှစ်အောက်ပြိုင်ပွဲများ၊  အမျိုးသမီးအလွတ်တန်းပြိုင်ပွဲနှင့် အမျိုးသမီး အသက်(၁၈)နှစ်အောက် ပြိုင်ပွဲအမျိုးအစားများတို့တွင် ပြိုင်ပွဲဝင်တစ်ဦးလျှင်နှစ်မျိုးကစားခွင့် ရှိပြီးစုစုပေါင်း ပြိုင်ပွဲဝင်အားကစားသမား (၁၆ဝ)ဦး ပါဝင်ယှဉ်ပြိုင်ကစားကြမှာဖြစ်ရာ ဒီဇင်ဘာ(၃ဝ) ရက်နေ့ ညနေ (၃)နာရီ အချိန်တွင် ဆုပေးပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%84%E1%80%BA%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%85%E1%80%BA%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA-%E1%80%A5%E1%80%80%E1%80%B9%E1%80%80%E1%80%8C%E1%80%96%E1%80%9C%E1%80%AC%E1%80%B8%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95