လွိုင်ကော်၊ ဒီဇင်ဘာလ(၃၀)
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက်အထောက်အကူဖြစ်စေရန်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြို့ပြနှင့်ကျေးရွာများ ပြိုင်တူဖွံ့ဖြိုးတိုးတက်စေရန် ကယားပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့်လူထုစုပေါင်းလမ်းလျှောက်ပွဲများကျင်းပခြင်း၊ အားကစားပြိုင်ပွဲများကျင်းပပေးခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၅:၃၀)အချိန်တွင် လွိုင်ကော်မြို့နယ်၊ ဧက(၅၀၀)ရပ်ကွက်တွင် လောပီတလမ်းမကြီးဆေးတပ်စုရပ်မှစတင်၍ လူထုစုပေါင်းလမ်းလျှောက်ပွဲကိုကျင်းပပြုလုပ်ခဲ့ရာ အဆိုပါလမ်းလျှောက်ပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်စုနေပြည်သူများ၊ ကျောင်းသူ/ ကျောင်းသားများ ပါဝင်ဆင်နွှဲလမ်းလျောက်ခဲ့ကြသည်။
ရှေးဦးစွာ လူထုစုပေါင်းလမ်းလျှောက်ပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူးမှ သေနတ်ပစ်ဖောက်၍ စတင်လမ်းလျှာက်ခဲ့ရာလောပီတလမ်းမကြီး ဆေးတပ်စုရပ်မှ မြကန်သာလမ်းနှင့်ပြည်ထောင်စုလမ်းမအတိုင်ထို့မှတဆင့် GTCလမ်းကိုဖြတ်၍၊ နဒီလမ်းမှသဇင်လမ်းအတိုင် လျှောက်ကာ အ.လ.က(ဧက၅၀၀)ကျောင်းအတွင်သို့ စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။
ထို့နောက် အ.လ.က(ဧက၅၀၀) ကျောင်းတွင် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း အတွဲအမှတ် (၁)နှင့်(၂)၊ ဇွန်ဘာအားကစားလေ့ကျင့်ခြင်းတို့ကိုတစ်ပျော်တစ်ပါး စုပေါင်းဆောင်ရွက်ခဲ့ကြကာပါဝင်ဆင်နွဲခဲ့ကြသည့် ပြည်သူလူထုနှင့် ကျောင်းသူကျောင်းသားများအားကောက်ညှင်းပေါင်းများဝေငှပေးခဲ့ပြီးနောက် လွန်ဆွဲပြိုင်ပွဲကို ဆက်လက်ကျင်းပပေးခဲ့သည်။
အဆိုပါ ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ ဧက(၅၀၀)ရပ်ကွက် လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ လူထုအင်အား(၂၂၀၀)ကျော်ပါဝင်ဆင်နွဲခဲ့ကြပါသည်။