spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဝန်းသိုမြို့တွင် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကျင်းပ

ဝန်းသိုမြို့တွင် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကျင်းပ

 
ဝန်းသို ဒီဇင်ဘာ (၃၁)
 
စစ်ကိုင်တိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ် ပညာရေးမှူးရုံးမှ ကြီးမှူး၍ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲ အချိန်က မြို့မအားကစားကွင်း၌ ကျင်းပရာ အဆိုပါမုခ်ဦးအား လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
 
ကျောင်းသား၊ ကျောင်းသူ၊ လူငယ်မောင်မယ်များ ဗလ (၅) တန် ဖွံဖြိုးလာစေရန်၊ လူငယ်မောင်မယ် များအကြား ချစ်ကြည်ရင်းနှီးမှု၊ နားလည်သည်းခံမှုတို့နှင့် အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်များရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ရခြင်းဖြစ်သည်။
 
 
အဆိုပါ အားကစားပြိုင်ပွဲသို့ ဝန်းသိုမြို့နယ် ပညာရေးနယ်မြေ ကျောင်းအုပ်စု (၈) အုပ်စုမှ အားကစား မောင်မယ်များက ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီး မူလတန်းဆင့် (ကျား) ဘောလုံးပြိုင်ပွဲ၊ (မ) ဘော်လီ ဘောပြိုင်ပွဲ၊ အပြေး (မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀) ပြိုင်ပွဲ၊ အခုန်၊ အလျား၊ အမြင့်ပြိုင်ပွဲများ၊ အလယ်တန်းအဆင့်တွင် (မ) ဘော်လီဘောပြိုင်ပွဲ၊ ပြေးခုန်ပစ် (မီတာ ၁၅၀၀၊ ၈၀၀၊ ၄၀၀၊ ၂၀၀၊ ၁၀၀) ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲစသည့် အားကစား အမျိုးအစား စုံလင်စွာဖြင့် ဒီဇင်ဘာ ၃၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ထိ ၃ ရက်တိုင်တိုင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
 
 
အဆိုပါ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ အမျိုးသားလှှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်းနှင့် တိုင်းဒေသကြီး လှှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်အေး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးနေမျိုးထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ် ပညာရေးမှူး ဆရာကြီးဦးစိုးနိုင်နှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားမောင်မယ်များနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
 
မြို့နယ် (ပြန်/ဆက်)

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%9D%E1%80%94%E1%80%BA%E1%80%B8%E1%80%9E%E1%80%AD%E1%80%AF%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%80%A1%E1%80%86%E1%80%84%E1%80%BA%E1%80%B7-%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95