spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာ-တရုတ် ချစ်ကြည်ရေး နယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင်ပွဲ ကျင်းပပြုလုပ်

မြန်မာ-တရုတ် ချစ်ကြည်ရေး နယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင်ပွဲ ကျင်းပပြုလုပ်

 
မူဆယ် ဇန်န၀ါရီ (၁)
 
ဒုတိယအကြိမ် မြန်မာ-တရုတ် ချစ်ကြည်ရေး နယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင်ပွဲတွင် မြန်မာဖက်မှ စာရင်းပေးသွင်းယှဉျပြိုင်သူ ၅၉၆ ဦးရာ ယမန်နှစ်ကထက် နှစ်ဆခန့်များလာကြောင်း မူဆယ်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန၏ စာရင်းအရ သိရသည်။ 
 
အဆိုပါနယ်စပ်ဖြတ်ကျော်မာရသွန်ပြိုင်ပွဲအား ရွှေလီမြို့မှ စတင်ကာ ရွှေနန်းတော်ဂိတ် မူဆယ်ပြေးလမ်းကြောင်းအတိုင်း ဒီဇင်ဘာ ၃၁ ရက် နံနက်ပိုင်းက စတင်တာလွှတ်ရာ မြန်မာဖက်မှ မာရသွန် ပြိုင်ပွဲတွင် ၄၇ ဦး၊ တာလတ်မာရသွန်ပြိုင်ပွဲတွင် ၅၉ ဦး၊ တာတို မာရသွန်ပြိုင်ပွဲတွင် ၄၉၀ ဦး စာရင်းပေးထားပြီး ပြိုင်ပွဲတစ်ခုလုံးတွင် တရုတ်-မြန်မာနှစ်နိုင်ငံမှ ပြိုင်ပွဲ၀င်ဦးရေ စုစုပေါင်း ၆၉၀၅ ဦး ပါ၀င်ယှဉ်ပြိုင်ကြသည်။ 
 
 
 
ပြိုင်ပွဲအား မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစား လှုပ်ရှားမူဦးစီးဌာနနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် အားကစားဌာန၊ တယ်ဟုန်ပြည်နယ်ခွဲ ပြည်သူအစိုးရတို့ ပူးပေါင်းပြီး "မာရသွန်ပြိုင်ပွဲ နှစ်နိုင်ငံ ပြေးခြင်း" ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခြင်း ဖြစ်ကာ မာရသွန်ပြိုင်ပွဲ၊ တာလတ်မာရသွန်ပြိုင်ပွဲ၊ တာတို မာရသွန်ပြိုင်ပွဲ၊ အပျော်တမ်းအပြေးပြိုင်ပွဲ၊ မိသားစုပြိုင်ပွဲ စသဖြင့် အမျိုးအစားငါးမျိုးဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။
 
နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲသည် နှစ်နိုင်ငံချစ်ကြည် ဖလှယ်မှုကို မြႇင့်တင်စေရန်နှင့် နယ်စပ် ချစ်ကြည်ရင်းနှီးစွာဆက်ဆံ မှုကို ပိုမိုကောင်းမွန်စေသည့် ရည်ရွယ်ချက်ဖြင့်အပြေးပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲတစ်ခုလုံးကုန်ကျစရိတ်အား တရုတ်နိုင်ငံက အကုန်အကျခံ ကျင်းပခြင်းဖြစ်ကြောင်း တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ပြည်ပပြန်ကြားရေးတာဝန်ခံ မစ်စတာ ကျောက်ယွင်ဆန်က ပြောသည်။
 
မာရသွန်ပြိုင်ပွဲအတွက် ပထမဆုရရှိသူကို တရုတ်ငွေယွမ် ၂၀၀၀၀ ချီးမြှင့်ပြီး အခြားပြိုင်ပွဲများတွင် အမျိုးအစားအလိုက် ပထမရှိသူကို ယွမ် ၈၀၀၀၊ ၆၀၀၀ သတ်မှတ်ချီးမြႇင့်ကာ မြန်မာနိုင်ငံသားတွေ အတွက် သီးသန့်ချီးမြှင့်သည့် ဆွေမျိုးပေါက်ဖော်ဆုကို ကနဦး ပန်းဝင်သူ ၅၀ ဦးအား ဆုငွေယွမ် ၁၀၀ စီ ချီးမြှႇင့်ကြောင်း သိရသည်။
 
ဘဦး

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC-%E1%80%90%E1%80%9B%E1%80%AF%E1%80%90%E1%80%BA-%E1%80%81%E1%80%BB%E1%80%85%E1%80%BA%E1%80%80%E1%80%BC%E1%80%8A%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8-%E1%80%94%E1%80%9A%E1%80%BA%E1%80%85%E1%80%95%E1%80%BA%E1%80%96%E1%80%BC%E1%80%90%E1%80%BA%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA-%E1%80%99%E1%80%AC%E1%80%9B%E1%80%9E%E1%80%BD%E1%80%94%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%95%E1%80%BC%E1%80%AF%E1%80%9C%E1%80%AF%E1%80%95%E1%80%BA