ရန်ကုန် ဒီဇင်ဘာ (၃၁ )
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဖလား လေးခရိုင် အသက် ၂၅ နှစ် အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဒီဇင်ဘာ ၃ဝ ရက် ညနေက ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ပဒေသာကွင်း၌ ကျင်းပခဲ့သည်။ ဗိုလ်လု ပွဲတွင် အနောက်ပိုင်းခရိုင်အသင်းနှင့် အရှေ့ပိုင်းခရိုင်အသင်းတို့ ယှဉျပြိုင်ကစား ကြရာ အနောက်ပိုင်းခရိုင်အသင်းက အရှေ့ပိုင်းခရိုင်အသင်းကို သုံးဂိုး-ဂိုးမရှိ ဖြင့် အနိုင်ရရှိသွားသည်။
ဗိုလ်လုပွဲအပြီး ဒုတိယဆုရရှိသွားသော အရှေ့ပိုင်းခရိုင်အသင်းအား တစ်ဦးချင်းဆုများကို ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီဥက္ကဌ ဒေါ်မာလာဝင်းက လည်းကောင်း၊ ပထမဆုရှိသွားသော အနောက်ပိုင်းခရိုင်အသင်းအား တစ်ဦး ချင်း ဆုတံဆိပ်များကို တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက လည်းကောင်း၊ ဒုတိယဆုရ အရှေ့ပိုင်း ခရိုင်အသင်းအား ငွေသားဆုကို တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်က လည်းကောင်း၊ ပထမဆုရရှိသွားသော အနောက်ပိုင်း ခရိုင်အသင်းအား ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကြီးကို တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လည်းကောင်း အသီးသီးချီးမြှင့်ခဲ့ကြ သည်။ အဆိုပါ အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ ၂၁ ရက်မှ ၃ဝ ရက်အထိ ပတ်လည်စနစ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
အာကာစိုး