spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အမျိုးသမီးလိဂ်တွင် မြဝတီနှင့် အား/ကာဦးစီးဌာနအသင်း သရေကျ

အမျိုးသမီးလိဂ်တွင် မြဝတီနှင့် အား/ကာဦးစီးဌာနအသင်း သရေကျ

 
ရန်ကုန် ဇန်နဝါရီ (၁)
 
၂ဝ၁၈-၂ဝ၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၅) ပထမနေ့ကို ယနေ့ညနေပိုင်းက အောင်ဆန်း ကွင်း၌ ကျင်းပရာ လက်ရှိချန်ပီယံ မြဝတီအသင်း သရေပွဲကြုံတွေ့ခဲ့သည်။
 
မြဝတီ - တစ်ဂိုး
အား/ကာဦးစီးဌာန - တစ်ဂိုး
 
လက်ရှိချန်ပီယံ မြဝတီအသင်းအတွက် မထင်မှတ်သည့်သရေပွဲဖြစ်ခဲ့ပြီး အား/ကာဦးစီးဌာန အသင်းနှင့် သရေကျခဲ့သည်။ မြဝတီအသင်းသည် ချန်ပီယံဆုအတွက် ဖိအားပေးနိုင်သည့် အသင်း တစ်သင်းဖြစ်သော အား/ကာသိပ်ပံအသင်းနှင့်ပွဲတွင် အနိုင်ရခဲ့သော်လည်း ယခုပွဲတွင် သရေကျခဲ့သော ကြောင့် ဖိအားဝင်သွားခဲ့ရသည်။ အား/ကာဦးစီး ဌာနအသင်းသည် မြဝတီအသင်းထံမှ အမှတ်ရယူနိုင်ရန် အားထည့်ကစားခဲ့ပြီး ဦးဆောင်ဂိုးပေးလိုက် ရသော်လည်း ချေပဂိုးပြန်သွင်းနိုင်ခဲ့သည်။ ခုနစ် မိနစ်တွင် ဝင်းသိဂႌထွန်းက မြဝတီအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ၅၄ မိနစ်တွင် ကေဇင်မြင့်က အား/ကာဦးစီးဌာနအသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့သည်။
 
ပွဲစဉ် (၅) ဒုတိယနေ့ကို ဇန်နဝါရီ ၂ ရက်တွင် ဇွဲကပင်အသင်းနှင့် သစ်စာအားမာန်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြဝတီအသင်းသည် သရေကျခဲ့သောကြောင့် သစ္စာအားမာန်အသင်း သည် ယခုပွဲအနိုင်ရပါက ထိပ်ဆုံးနေရာကို ရယူနိုင်မည်ဖြစ်သည်။
 
ရှိုင်းထက်ဇော်

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%9C%E1%80%AD%E1%80%82%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%99%E1%80%BC%E1%80%9D%E1%80%90%E1%80%AE%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8-%E1%80%9E%E1%80%9B%E1%80%B1%E1%80%80%E1%80%BB