spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်

ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်

 

 

နေပြည်တော် ဇန်နဝါရီ ၁။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူး၍ (၇၁) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ အလွတ်တန်း ဖူဆယ်ပြိုင်ပွဲ ရှုံး/ထွက် ပွဲစဉ်များကို ယနေ့ နံနက် ၈နာရီမှစ၍ ယှဉ်ပြိုင်ကစားလျက်ရှိသည်။

အဆိုပါဖူဆယ်ပြိုင်ပွဲ၏ ရှုံး/ထွက်ပွဲစဉ်များတွင် ဟိုတယ်နှင့် ခရီးသွားလာရေးအသင်းနှင့် နေပြည်တော်စည်ပင်အသင်းတို့ ယှဉ်ပြိုင်ကြရာ ဟိုတယ်နှင့် ခရီးသွားလာရေးအသင်းက ၆ဂိုး ၁ဂိုးဖြင့် အနိုင်ရရှိသည်။ ပြည်တော်စုရှေ့နေချုပ်ရုံးအသင်းနှင့် လျှပ်စစ်နှင့် စွမ်းအင်အသင်းတို့ယှဉ်ပြိုင်ကြရာ ပြည်တော်စု ရှေ့နေချုပ်ရုံအသင်းက ၄ဂိုး ၃ဂိုးဖြင့် အနိုင်ရရှိသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြည်လည်နေရာချထားရေးအသင်းနှင့် ပြည်ထဲရေးအသင်းတို့ယှဉ်ပြိုင်ကြရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးအသင်းက ၆ဂိုး ၄ဂိုးဖြင့် အနိုင်ရရှိသည်။ ကျန်းမာရေးနှင့် အားကစားအသင်းနှင့် နိုင်ငံခြားရေးအသင်းတို့ယှဉ်ပြိုင်ကြရာ ကျန်းမာရေးနှင့် အားကစားအသင်းက ၁၃ဂိုး ၃ဂိုးဖြင့် အနိုင်ရရှိသည်။

ရှုံး/ထွက် ပွဲစဉ်များအပြီးတွင် ဟိုတယ်နှင့် ခရီးသွားလာရေးအသင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးအသင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးအသင်းနှင့် ပြည်လည်နေရာချထားရေးအသင်းနှင့် ကျန်းမာရေးနှင့် အားကစားအသင်းတို့သည် ဆီမီးဖိုင်နယ်ပွဲစဉ်များသို့ တက်ရောက်သွားပြီးဖြစ်သည်။

ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇန်နဝါရီ ၂ရက် (ယနေ့) တွင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ မြဝတီသတင်းစာမှ ကောက်နှုတ်ဖော်ပြသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%96%E1%80%B0%E1%80%86%E1%80%9A%E1%80%BA%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%9A%E1%80%BE%E1%80%89%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA