spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မန္တလေးမြို့၌ ပြည်သူ ၁၇၀ကျော်ပါဝင်သည့် စက်ဘီးစီးပွဲ ကျင်းပ

မန္တလေးမြို့၌ ပြည်သူ ၁၇၀ကျော်ပါဝင်သည့် စက်ဘီးစီးပွဲ ကျင်းပ

    

မန္တလေး ဒီဇင်ဘာ ၃၀။

စက်ဘီးစီးအားကစားနည်းကို ပြည်သူလူထုတစ်ရပ်လုံး စိတ်ပါဝင်စားလာစေရန် စက်ဘီးစီးနင်းခြင်းဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်လာစေရန် ရည်ရွယ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်နှင့် မန္တလေးတိုင်း ဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့က ကြီးမှူးကာ လစဉ်နောက်ဆုံးပတ်တွင် ကျင်းပလျက်ရှိရာ အကြိမ် ၃၀ မြောက် လူထုစုပေါင်းစက်ဘီးစီးနင်းပွဲကို ယနေ့နံနက်က မန္တလေးမြို့ကျုံး တောင်ဘက် ၂၆ လမ်းရှိ မြို့တော်စည်ပင်ရုံးရှေ့စုရပ်နေရာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စုပေါင်းစက်ဘီးစီးနင်းပွဲတွင် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်က အချက်ပြ သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးလိုက် သည်နှင့် တစ်ပြိုင်နက် တာဝန်ရှိသူများ စက်ဘီးအားကစားသမား ဝါသနာရှင် သက်ကြီး၊ သက်လတ်၊ လူငယ်လူရွယ် ပြည်သူများ ဝန်ထမ်းများ စုစုပေါင်း ၁၇၀ ကျော်တို့သည် စုရပ်နေရာမှ ၂၆ လမ်းအတိုင်း လမ်း၈၀သို့ ထိုမှ ၁၂ လမ်းအထိ ထိုမှ ၆၆ လမ်းအတိုင်း ကျုံးတောင်ဘက် ၂၆ လမ်းတာလွှတ်စုရပ် နေရာအထိ ကျုံးတစ်ပတ်စက်ဘီးစီးနင်းကြပြီး ပျော်ရွှင်စွာ စုပေါင်းဆင်နွှဲ ပန်းဝင်ရောက်ရှိလာခဲ့ကြောင်း သိရသည်။ မြန်မာ့အလင်းသတင်းစာမှ ကောက်နှုတ်ဖော်ပြသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%94%E1%80%B9%E1%80%90%E1%80%9C%E1%80%B1%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%81%8C-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%9E%E1%80%B0-%E1%81%81%E1%81%87%E1%81%80%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA%E1%80%95%E1%80%AB%E1%80%9D%E1%80%84%E1%80%BA%E1%80%9E%E1%80%8A%E1%80%BA%E1%80%B7-%E1%80%85%E1%80%80%E1%80%BA%E1%80%98%E1%80%AE%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%95%E1%80%BD%E1%80%B2-%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95