spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြိတ်မြို့တွင် ဖိတ်ခေါ်မြန်မာ့ရိုးရာ လက်ဝှေ့ ပြိုင်ပွဲကျင်းပ

မြိတ်မြို့တွင် ဖိတ်ခေါ်မြန်မာ့ရိုးရာ လက်ဝှေ့ ပြိုင်ပွဲကျင်းပ

မြိတ် ဇန်န၀ါရီ ၂။

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မြန်မာ့ရိုးရာလက်ဝှေ့ မျိုးဆက်သစ်အားကစားသမားများပေါ်ထွန်းလာစေရေးနှင့် အားကစားက႑ဖွံ့ဖြိုးတိုးတက်ရေးအတွက် Township Spots Development Program အစီအစဉ်ဖြင့် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌဖလား ဖိတ်ခေါ်မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို မြိတ်ခရိုင် အားကစားခန်းမတွင် နှစ်ရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။

“ မြန်မာ့ရိုးရာလက်ဝှေ့အားကစားကို မြိတ်မြို့နယ်မှ တနင်္သာရီတိုင်းဒေသကြီး လက်ရွေးစင်အားကစားသမားများနှင့် နိုင်ငံ့လက်ရွေးစင် အမျိုးသားသုံးဦး၊ အမျိုးသမီးနှစ်ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်”ဟု တနင်္သာရီ တိုင်းဒေသကြီးလက်ဝှေ့ဆပ်ကော်မတီအတွင်းရေးမှူး ဦးမြဝေက ပြောသည်။

အဆိုပါ လက်ဝှေ့ပြိုင်ပွဲကို ဒီဇင်ဘာ ၃၁ ရက်နှင့် ဇန်န၀ါရီလ ၁ ရက်တွင် ကျင်းပခဲ့ပြီး ပြိုင်ပွဲတွင် လူသစ်တန်းပြိုင်ပွဲ၊ ၀ါသနာရှင်ပြိုင်ပွဲနှင့် အထူးပြိုင်ပွဲများကို ကျင်းပခဲ့ရာ ၀ါသနာရှင်နှင့်လူသစ်တန်းတွင် ပြိုင်ပွဲခုနှစ်ပွဲနှင့် အထူးပွဲသုံးပွဲကျင်းပခဲ့ပြီး ပြိုင်ပွဲအမျိုးအစားအလိုက် ဆုကြေးငွေများကို ပြိုင်ပွဲ၀င်များအား ပြိုင်ပွဲကျင်းပရေးကော်မတီမှ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကြေးမုံသတင်းစာမှ ကောက်နှုတ်ဖော်ပြသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%AD%E1%80%90%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%96%E1%80%AD%E1%80%90%E1%80%BA%E1%80%81%E1%80%B1%E1%80%AB%E1%80%BA%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%AC-%E1%80%9C%E1%80%80%E1%80%BA%E1%80%9D%E1%80%BE%E1%80%B1%E1%80%B7-%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95