ရေဦး ဒီဇင်ဘာ ၃ဝ။
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ် အားကစားနှင်ကာယပညာ ကော်မတီနှင့် အောင်ရတနာကားအသင်း မိသားစုတို့ပူးပေါင်း၍ ( ၇၁ )နှစ်မြောက် လွတ်လပ်ရေးနေ့အကြို မီနီမာရသွန် ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ ၃ဝ ရက် နံနက် ၅ နာရီက ကျင်းပခဲ့ရာ သတ်မှတ်နေရာဖြစ်သော ဒီပဲယင်းမြို့နယ် ကျည်ကျေးရွာမှ စတင်တာလွှတ်ပေးခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲသို့ မြို့ပေါ်ငါးရပ်ကွက်နှင့် ကျေးရွာများမှ အားကစားဝါသနာရှင် လူငယ်များ၊ ကျောင်းသားများ စုစုပေါင်း ၇ဝ ခန့် စာရင်းပေးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် အောင်ရတနာ ကားဂိတ်၌ ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပခဲ့ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေး၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ အောင်ရတနာကားသင်းဥက္ကဋ္ဌ ဦးမြင့်ဦးနှင့်ဇနီး ဒေါ်စန်းစန်းဝေ တို့က ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကိုလည်းကောင်း ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အား/ကာ ကော်မတီ တာဝန်ရှိသူများက ပန်းတိုင်အရောက် ပြေးနိုင်သူ ၁၇ ဦးအား ဇွဲဆုနှင့် နှစ်သိမ့်ဆုများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။
ပြိုင်ပွဲကျင်းပနေစဉ် မာရသွန်အပြေးသမားများ ယာဉ်အ္တရာယ်ကင်းဝေးကာ ပျော်ရွှင်စွာယှဉ်ပြိုင်နိုင်စေရေးအတွက် ဒုရဲမှူးသိန်ဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ မြို့နယ်အား/ကာ ကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်ပန်းတိုင်သို့ ရောက်သည်အထိ လိုက်ပါ စောင့်ရှောက်ပေးခဲ့ကြသည်။
မြန်မာ့အလင်းသတင်းစာမှ ကောက်နှုတ်ဖော်ပြသည်။