spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > Japan-ASEAN Youth Sports Exchange ပြိုင်ပွဲသို့ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်

Japan-ASEAN Youth Sports Exchange ပြိုင်ပွဲသို့ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်


 
ရန်ကုန်   ဇန်နဝါရီ   ၅
 
မြန်မာ့လက်ရွေးစင် ယူ-၁၉ အမျိုးသမီးအသင်းသည် ဂျပန်-အာဆီယံ ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး အစီ အစဉ် JENESYS  Inbound Program  အရ ကျင်းပသည့်   Japan-ASEAN  Youth  Sports Exchange (Women’s Football) ပြိုင်ပွဲသို့ ဂျပန်နိုင်ငံဘောလုံးအဖွဲ့ချုပ် (JFA) ၏ ဖိတ်ကြားချက်အရ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
 
ပြိုင်ပွဲကို ဂျပန်နိုင်ငံ အိုကီနာဝါစီရင်စု၌ မတ် ၂ ရက်မှ ၆ ရက်ထိ ကျင်းပရန်စီစဉ်ထားပြီး အာဆီယံဒေသမှ မြန်မာ့ လက်ရွေးစင် ယူ-၁၉ အမျိုးသမီးအသင်းအပြင် ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း နှင့် ဗီယက်နမ် ယူ-၁၉ အမျိုးသမီး အသင်းတို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
 
လက်ရှိတွင် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းများသာ ထွက်ပေါ်သေးပြီး ပြိုင်ပွဲနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များထွက်ပေါ်လာပါက ဆက်လက်ထုတ်ပြန်ပေးမည်ဖြစ်သည်။  

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/japan-asean-youth-sports-exchange-%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%9E%E1%80%AD%E1%80%AF%E1%80%B7-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC-%E1%80%9A%E1%80%B0-%E1%81%81%E1%81%89-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8