spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲတွင် စိုးအောင်(ရွာမ)အသင်း ဗိုလ်စွဲ

လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲတွင် စိုးအောင်(ရွာမ)အသင်း ဗိုလ်စွဲ

 
ဂွ ဇန်နဝါရီ ၅
 
(၇၁)  နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်  ဂွမြို့နယ်  အားကစားနှင့်ကာယပညာကော်မတီတို့ပူးပေါင်း၍ မီတာ ၅ဝဝ ၁ဝ တက်လှော်ရိုးရာလှေပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့က  ဂွမြို့၌  ကျင်းပရာ ပထမဆုကို စိုးအောင်(ရွာမ)အသင်းက ဆွတ်ခူးရရှိခဲ့သည်။
 
အဆိုပါပြိုင်ပွဲတွင်  အသင်းပေါင်း ၁၁ သင်း ပါဝင်ယှဉ်ပြိုင်ရာ စိုးအောင်(ရွာမ)၊ သန်းထွေး(ရွာမ)၊ မောင်မောင်ညွန့်(ကင်းရုံး)နှင့် နှင်းအောင်(ကင်းရုံး)အသင်းတို့ ဆီမီးဖိုင်နယ်သို့တက်ရောက်ခဲ့ပြီး ဆီမီးဖိုင်နယ် ပွဲစဉ်များတွင် စိုးအောင်(ရွာမ)နှင့် သန်းထွေး(ရွာမ)အသင်းတို့ ဗိုလ်လုပွဲသို့တက်ရောက်ခဲ့ကြသည်။
 
ဗိုလ်လုပွဲတွင် စိုးအောင်(ရွာမ)အသင်းက သန်းထွေး(ရွာမ)အသင်းကို အနိုင်ယူဗိုလ်စွဲခဲ့သည်။ တတိယလုပွဲတွင်  မောင်မောင်ညွန့်(ကင်းရုံး)က နှင်းအောင် (ကင်းရုံး)အသင်းကိုအနိုင်ရပြီး တတိယဆုကို ဆွတ်ခူးခဲ့သည်။
 
ပြိုင်ပွဲတွင်  ဆုရရှိသောအသင်းများကိုတစ်ဦးချင်း ဆုတံဆိပ်များချီးမြှင့်ခဲ့ပြီး ဗိုလ်စွဲခဲ့သော စိုးအောင်(ရွာမ)အသင်းကို တစ်ဦးချင်းဆုတံဆိပ်များနှင့်အတူ ချန်ပီယံဆုဖလားနှင့် ဆုကြေး ငွေကျပ်ခုနစ်သိန်းချီးမြှင့်ခဲ့ သည်။ ဒုတိယဆုရရှိသော သန်းထွေး(ရွာမ)အသင်းကို ဆုကြေး  ငွေကျပ် လေးသိန်း၊ တတိယဆုရရှိသော မောင်မောင်ညွန့်(ကင်းရုံး)အသင်းကို ဆုကြေးငွေကျပ် တစ်သိန်းခွဲ ချီးမြှင့်ခဲ့သည်။
 
ထို့ပြင်  ပြိုင်ပွဲကျင်းပရေးကော်မတီက ချီးမြှင့်သော ဆုကြေးငွေများအဖြစ် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌ  ဦးသောင်းထိုက်မင်းက ပထမဆုကို ငွေကျပ် နှစ်သိန်း၊  ဒုတိယဆုကို  ငွေကျပ် တစ်သိန်း၊ တတိယ ဆုကို ငွေကျပ် ငါးသောင်း ထပ်ဆင့်ချီးမြှင့်ကြောင်းသိရသည်။     

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%9C%E1%80%BD%E1%80%90%E1%80%BA%E1%80%9C%E1%80%95%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%B1%E1%80%B7%E1%80%A1%E1%80%91%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA-%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%AC%E1%80%9C%E1%80%BE%E1%80%B1%E1%80%9C%E1%80%BE%E1%80%B1%E1%80%AC%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%80%99%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8-%E1%80%97%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%85%E1%80%BD%E1%80%B2