spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာ ယူ-၁၆ အမျိုးသမီးအသင်း ဂျပန်နိုင်ငံ၌ လေ့ကျင့်ခြေစမ်းမှုများပြုလုပ်ခွင့်ရရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ တင်ပြထား

မြန်မာ ယူ-၁၆ အမျိုးသမီးအသင်း ဂျပန်နိုင်ငံ၌ လေ့ကျင့်ခြေစမ်းမှုများပြုလုပ်ခွင့်ရရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ တင်ပြထား

 
ရန်ကုန် ဇန်နဝါရီ ၃
 
၂ဝ၁၉ အာရှ ယူ-၁၆ အမျိုးသမီးချန်ပီယံရှစ် ဒုတိယအဆင့်ခြေစစ်ပွဲအတွက် ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည့် မြန်မာယူ-၁၆ အမျိုးသမီး အသင်းသည် ဂျပန်နိုင်ငံ၌ လေ့ကျင့်ခြေစမ်းမှုများပြုလုပ်ခွင့်ရရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)သို့ တင်ပြထားကြောင်းသိရသည်။
 
အာရှ ယူ-၁၆ အမျိုးသမီးချန်ပီယံရှစ် ဒုတိယအဆင့်ခြေစစ်ပွဲကို မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် ဖေဖော်ဝါရီ ၂၇ ရက်မှ မတ်၃ ရက်အထိ လက်ခံကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေကာ ထိပ်ဆုံးနှစ်သင်းက ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။
 
မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် ပထမအဆင့်ခြေစစ်ပွဲတွင် မလေးရှား၊ နီပေါ၊ဖိလစ်ပိုင်အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး ပွဲတိုင်း အနိုင်ရရှိကာ ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ မြန်မာယူ-၁၆ အမျိုးသမီးအသင်းသည် ပဏာမ ကစားသမား၂၉ ဦးဖြင့် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက်မှစတင်၍ လေ့ကျင့်မှုများပြုလုပ်နေခြင်းဖြစ်ပြီး နည်းပြချုပ်အဖြစ် ဒေါ်စန်းစန်းသိန်းက တာဝန်ယူလျက်ရှိသည်။ TZW
 
 
Crd: မြ၀တီသတင်းစာ
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC-%E1%80%9A%E1%80%B0-%E1%81%81%E1%81%86-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8-%E1%80%82%E1%80%BB%E1%80%95%E1%80%94%E1%80%BA%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%81%8C-%E1%80%9C%E1%80%B1%E1%80%B7%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B7%E1%80%81%E1%80%BC%E1%80%B1%E1%80%85%E1%80%99%E1%80%BA%E1%80%B8%E1%80%99%E1%80%BE%E1%80%AF%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AF%E1%80%9C%E1%80%AF%E1%80%95%E1%80%BA%E1%80%81%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%9B%E1%80%9B%E1%80%94%E1%80%BA