ပြင်ဦးလွင် ဇန်နဝါရီ ၃
I.K.O Myanmar တာဝန်ခံ ကျိုရှင်းကရာတေးဆရာကြီး ရှီဟန်မင်းလွင် ဦးဆောင်သည့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် အားကစားခန်းမ၌ကျင်းပသော 2019 Winter Camp ပညာစဉ်စုပေါင်းလေ့ကျင့်ပွဲတွင် ပညာစဉ်များကို ပြင်ဦးလွင်ဌာနေ တာဝန်ခံ အဖွဲ့နှင့် ပူးပေါင်းလေ့ကျင့်ခဲ့ကြသည်။
အဆိုပါ လေ့ကျင့်ပွဲတွင် ဆရာကြီးရှီဟန်မင်းလွင်က မြန်မာပြည် ကျိုရှင်းကရာတေးသမိုင်းအကျဉ်း၊ ကျိုရှင်းပညာရပ်နှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် သဘောတရားများကို ပြောကြားသည်။ အခမ်းအနားသို့ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး ကရာတေးဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်နိုင်၊ မန္တလေးတိုင်းဒေသကြီး ဝူရှူးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်အေးနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
စုပေါင်းလေ့ကျင့်ပွဲတွင် ကချင်ပြည်နယ်မှ ဆရာတစ်ဦး၊ မန္တလေးမှ ဆရာနှစ်ဦးတို့၏ ခတပြကွက်၊ ရန်ကုန်တိုင်းဒေသကြီး ဌာနေတာဝန်ခံ ၄ ီညေ ဆရာကြီးဦးထွန်းထွန်းလင်း၏ ခုခံကာကွယ်တိုက်ခိုက်မှု ပညာစဉ် ပြသမှုများလည်းပါဝင်ပြီး အဆိုပါ စုပေါင်းလေ့ကျင့်ပွဲကို ဇန်နဝါရီ ၁ ရက်မှ ၃ ရက်အထိ ကျင်းပရာ သင်တန်းသား ၁ဝဝ ခန့် ပါဝင်လေ့ကျင့်ကြကြောင်းသိရသည်။
crd:မြ၀တီသတင်းစာ