spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ Physical Fitness Dance Exercise သင်တန်း အမှတ်စဉ်(၁/၂၀၁၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ Physical Fitness Dance Exercise သင်တန်း အမှတ်စဉ်(၁/၂၀၁၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

 
နေပြည်တော်၊ ဇန်နဝါရီလ(၇)ရက်။
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေး၀န်ကြီးဌာနတို့ပူးပေါင်း၍ကျင်းပသော ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်၊ Physical Fitness Dance Exercise သင်တန်းအမှတ်စဉ်(၁/၂၀၁၉)ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်(၉:၃၀)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်တာ၀န်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အားကစားမှူးများ၊ နည်းစနစ်မှူးများ၊ ပညာရေး၀န်ကြီးဌာနမှ ကာယဆရာ/ဆရာမများနှင့် သင်တန်းသား/သူများ တက်ရောက်ကြပါသည်။
 
 
 
ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်သည့်သင်တန်းက ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလအတွင်းက ကျင်းပခဲ့သည့် Healthy Myanmar Seminar က ထွက်ပေါ်လာသည့် Outcome တွေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် Physical Fitness Dance သင်တန်းအမှတ်စဉ် (၁/၂၀၁၉) ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် နို၀င်ဘာလ (၅)ရက်နေ့မှ (၃၀)ရက်နေ့အထိ  Physical Fitness Dance သင်တန်းအမှတ်စဉ်(၁/၂၀၁၈)ကို နေပြည်တော် ၀န်ကြီးဌာနအသီးသီးမှာရှိသည့် ၀န်ထမ်း(၁၈၉)ဦးတို့ကို ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ယခုဆိုရင် ၀န်ကြီးဌာနအသီးသီးမှာ  Physical Fitness Dance လေ့ကျင့်ခန်းတွေကို လှုပ်ရှားဆောင်ရွက် နေကြပြီဖြစ်ပါကြောင်း၊ ယခုသင်တန်းဖွင့်လှစ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ဒီနေ့ကမ္ဘာကြီးမှာ နည်းပညာဖွံ့ဖြိုး တိုးတက်လာတာနဲ့အမျှ နည်းပညာပစ္စည်းများနဲ့သာ အချိန်ကုန်ခြင်း၊ အထိုင်များခြင်းကြောင့် ကိုယ်လက်လှုပ်ရှားမှု နည်းပါးလာသဖြင့် လူတိုင်းကိုယ်လက်လှုပ်ရှားမှုကို တစ်ပတ်လျှင် အနည်းဆုံး မိနစ်(၁၅၀)ခန့် ပြုလုပ်သင့်ကြောင်း (WHO)က လမ်းညွှန်ထားပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလက Healthy Myanmar Seminar ခေါင်းစဉ်နဲ့ National Sports Seminar ကို ကျင်းပပြုလုပ်ပြီး ထွက်ပေါ်လာတဲ့ Outcome တွေကို စတင်အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ကိုယ်လက်လှုပ်ရှားမှုလုပ်ရင် ကိုယ်ခန္ဓာနဲ့ သွေးထဲမှာရှိတဲ့ဆဲလ်တွေ၊ အဆီပိုတွေတင်မကပဲ ဆီးချို၊ သွေးချို ကင်ဆာအပြင် အသက်ရှင် လျက် ဖြစ်ပေါ်နေတဲ့ အယ်လ်ဇိုင်းမားရောဂါတွေအဖြစ် နည်းလာမည်ဖြစ်ကြောင်း၊ ဦးနှောက် သွေးလည်ပတ်မှုကို အားကောင်းစေပြီး၊ မှတ်ဥာဏ်စွမ်းရည်တွေ အထူးကောင်းမွန်လာမယ်၊ ကြွက်သား၊ အရိုး၊ သွေးကြောနှင့် အသက်ရှုလမ်းကြောင်းတွေ သန်စွမ်းလာမည် စသည့်ကောင်းကျိုးတွေရရှိလာမှာဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင်သန်စွမ်းသော ၀န်ထမ်းမိသားစုများ၊ ပြည်သူများဖြစ်လာပြီး နိုင်ငံအကျိုးကို ဆထက်ထမ်းပိုး ပိုမိုထမ်းဆောင် နိုင်စေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး နှင့်ပြည်နယ် အသီးသီးမှာရှိကြသည့် ပြည်သူများအသိအမြင်တိုးပွားပြီး ကိုယ်လက်လှုပ်ရှားမှုများ များပြားလာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အားကစားမှူးများနှင့် ပညာရေး၀န်ကြီးဌာနမှ ဆရာ/ဆရာမများကို သင်တန်းဖွင့်လှစ် ပို့ချပေးခြင်းဖြစ်ပါကြောင်း၊
 
ဆက်လက်၍ ပညာရေး၀န်ကြီးဌာနရှိ ၀န်ထမ်းမိသားစုများ၊ ကျောင်းသား/သူများ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှားမှုများအားပြုလုပ်လာစေရေး စည်းရုံးဆောင်ရွက်ပေးကြပါရန်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အားကစားမှူး၊ နည်းစနစ်မှူးများအနေနဲ့လည်း မိမိတို့ တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်အတွင်းရှိ ပြည်သူအများ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်လာစေရေး အတွက် ယခင်ကထက်ပိုမိုတိုးမြှင့်ဆောင်ရွက်ကြစေလိုကြောင်း၊ တိုက်တွန်းပြောကြားရင်း အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
 
အဆိုပါ သင်တန်းကို (၇.၁.၂၀၁၉)ရက်နေ့မှ (၁၈.၁.၂၀၁၉)ရက်နေ့အထိ ပညာရေး၀န်ကြီးဌာနမှ ကာယဆရာ/ဆရာမများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အားကစားမှူးများ၊ နည်းစနစ်မှူးများ၊ စုစုပေါင်းအင်အား (၂၈၆)ဦး ဖြင့် တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%81%80%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%81%8A-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%81%8A-physical-fitness-dance