spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > နိုင်ငံတကာကြက်တောင်ရိုက်ပြိုင်ပွဲတွင် မြန်မာလူငယ်နှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်

နိုင်ငံတကာကြက်တောင်ရိုက်ပြိုင်ပွဲတွင် မြန်မာလူငယ်နှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်

ရန်ကုန်  ဇန်နဝါရီ  ၇
 
နီပေါနိုင်ငံ၌ကျင်းပမည့်နိုင်ငံတကာ  ဖိတ်ခေါ်လူငယ်ကြက်တောင်ရိုက်ပြိုင်ပွဲသို့    မြန်မာကစားသမားနှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် ယမန်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့ကြောင်း သိရသည်။  
 
အဆိုပါပြိုင်ပွဲကို ဇန်နဝါရီ ၈ ရက်မှ ၁၂ ရက်အထိ   နီပေါနိုင်ငံ ဘရာနာကာမြို့၌ကျင်းပမည်ဖြစ်ပြီး  မြန်မာကြက်တောင်အဖွဲ့ကို   နည်းပြအဖြစ်   အင်ဒိုနီးရှားနိုင်ငံသား ဒီဒစ်နှင့် ဦးမောင်မောင်တို့ကဦးဆောင်၍ ဇော်လင်းထူးနှင့် သူရိန်တို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
 
ယင်းပြိုင်ပွဲတွင် အသက်(၁၅)နှစ်အောက်၊ (၁၇)နှစ်အောက်နှင့် (၁၉)နှစ်အောက် အမျိုးသား၊ အမျိုးသမီးတစ်ဦးချင်းနှင့်  အတွဲလိုက်ပွဲစဉ်များထည့်သွင်းကျင်းပမည်ဖြစ်သည်။ မြန်မာကြက်တောင်အဖွဲ့သည် အသက်(၁၅)နှစ်အောက်  တစ်ဦးချင်း  အမျိုးသား၊ (၁၇)နှစ်အောက် တစ်ဦးချင်းအမျိုးသားနှင့်(၁၉)နှစ်အောက် နှစ်ယောက်တွဲ အမျိုးသားပြိုင်ပွဲသုံးမျိုး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 
 
''နီပေါနိုင်ငံမှာကျင်းပတဲ့ ဖိတ်ခေါ်ပွဲတွေကို အရင်ကသွားပြိုင်ဖူးပါတယ်။ အခုတစ်ခေါက် သူတို့က လူငယ်ပွဲတွေကို အဓိကကျင်းပပေးတာပါ။  အမျိုးသား၊  အမျိုးသမီးပြိုင်ပွဲဆိုပေမယ့်  ဒီတစ်ခေါက်တော့  အမျိုးသားပြိုင်ပွဲပဲ သွားပြိုင်ဖြစ်မှာပါ။ ကလေးတွေကို ဆုတံဆိပ်ထက်  နိုင်ငံတကာအတွေ့အကြုံရအောင်လို့ ဒီလိုပွဲတွေ တောက်လျှောက်ပြိုင်ဖြစ်တာပါ''ဟု ဦးမျိုးကျော်သူက ပြောသည်။
 
၂ဝ၁၈ နီပေါဖိတ်ခေါ်ကြက်တောင်ရိုက်ပြိုင်ပွဲတွင်  မြန်မာနိုင်ငံမှ အောင်အောင်နှင့် သက်ထားသူဇာတို့ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး  သက်ထားသူဇာက  ငွေတံဆိပ်ဆုဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။     
 
Crd:မြ၀တီသတင်းစာ

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%90%E1%80%80%E1%80%AC%E1%80%80%E1%80%BC%E1%80%80%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9B%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%9C%E1%80%B0%E1%80%84%E1%80%9A%E1%80%BA%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A6%E1%80%B8-%E1%80%9D%E1%80%84%E1%80%BA%E1%80%9B%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%9A%E1%80%BE%E1%80%89%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA