spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အာရှဖလားသမိုင်း အကောင်းဆုံး မြန်မာ့လက်ရွေးစင် ၁၁ ဦးအသင်း Fox Sports ထုတ်ပြန်

အာရှဖလားသမိုင်း အကောင်းဆုံး မြန်မာ့လက်ရွေးစင် ၁၁ ဦးအသင်း Fox Sports ထုတ်ပြန်

 
 
ရန်ကုန်   ဇန်နဝါရီ   ၆။
 
လက်ရှိတွင် အာရှဖလားပြိုင်ပွဲစတင် ယှဉ်ပြိုင်နေပြီဖြစ်ရာ    ထိုပြိုင်ပွဲမတိုင်မီ အာရှဒေသမှ နိုင်ငံ့လက်ရွေးစင်အသင်းများ ယှဉ်ပြိုင်ကစားဖူးသော မှတ်တမ်းများအရ မြန်မာ့လက်ရွေးစင်အသင်း၏ အကောင်းဆုံး ပွဲထွက်ကစားသမား ၁၁  ဦးစာရင်း ကို Fox Sports သတင်းဌာနက ယနေ့တွင် ထုတ်ပြန် ခဲ့ရာ ရွှေခေတ်မှ ဂန်ထဝင် ကစားသမားနှစ်ဦးနှင့် ငွေခေတ်မှ ကစားသမားအများစု ပါဝင်နေကြောင်း သိရသည်။
 
ထိုစာရင်းတွင် ဂိုးသမားနေရာ၌ ၁၉၇ဝ ပြည့်လွန်နှစ်များတွင် မြန်မာ့လက်ရွေးစင်အသင်းအတွက် ကစားပေးခဲ့ပြီး ၁၉၇၂  မြူးနစ် အိုလံပစ် ပြိုင်ပွဲတွင် လက်စွမ်းပြနိုင်ခဲ့သော ဂိုးသမား  တင်အောင်ကို ရွေးချယ်ထားသည်။
 
နောက်ခံကစားသမားများနေရာတွင် ညာနောက်ခံကစားသမားနေရာ၌  ယခုရာသီတွင်  ရန်ကုန်ယူနိုက်တက်အသင်းမှ ရှမ်းယူနိုက်တက် အသင်းသို့ ပြောင်းရွေ့သွားသော ဒေးဗစ်ထန်း၊ ဗဟိုခံစစ်တွင် ၁၉၉၃ခုနှစ် စင်ကာပူ ဆီးဂိမ်းပြိုင်ပွဲ ငွေတံဆိပ်ဆုရှင် စောဘမြင့်နှင့် စိုးနိုင်၊ ဘယ်နောက်ခံကစားသမားနေရာတွင် ၁၉၉၃ ခုနှစ် စင်ကာပူ ဆီးဂိမ်း ငွေတံဆိပ် ဆုရှင် လက်ရှိ ရခိုင် ယူနိုက်တက်အသင်း နည်းပြ သန်းဝေတို့ကို ရွေးချယ်ထားသည်။
 
ကွင်းလယ်ပိုင်းတွင်လည်း  ငွေခေတ်ကစားသမားများဖြစ်သော သန်းတိုးအောင်နှင့် ကြည်လွင်တို့ကို ရွေးချယ်ထားပြီး  ဗဟိုခံစစ်တွင် စိုးမြတ်မင်း၊ ကွင်းလယ်ဘယ်ခြမ်းတွင် လက်ရှိ ရန်ကုန်ယူနိုက်တက်အသင်းနည်းပြ ချုပ် မျိုးမင်းထွန်းတို့ကို ရွေးချယ်ထားသည်။
 
တိုက်စစ်တွင် ငွေခေတ်၏ အကောင်းဆုံး တိုက်စစ်မှူးဖြစ်ခဲ့သော မျိုးလှိုင်ဝင်းနှင့် ရွှေခေတ်က  ထွန်းတောက်ဆုံးဖြစ်ခဲ့ပြီး ၁၉၆၆  နှင့် ၁၉၇ဝ အာရှအားကစားပွဲ ရှှေတံဆိပ် ဆုရှင်၊ ၁၉၆၅၊ ၁၉၆၇၊ ၁၉၆၉ အရှေ့ တောင်အာရှချန်ပီယံ၊ ၁၉၆၄၊ ၁၉၆၇ မာဒေးကားဖလားချန်ပီယံအသင်းမှ ဆပ်ဗဟာဒူးတို့ကို ရွေးချယ်ထားကြောင်း သိရသည်။ မြဝတီသတင်းစာမှ ကောက်နှုတ်ဖော်ပြသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%96%E1%80%9C%E1%80%AC%E1%80%B8%E1%80%9E%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8-%E1%80%A1%E1%80%80%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%86%E1%80%AF%E1%80%B6%E1%80%B8-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%9C%E1%80%80%E1%80%BA%E1%80%9B%E1%80%BD%E1%80%B1%E1%80%B8%E1%80%85%E1%80%84%E1%80%BA-%E1%81%81%E1%81%81-%E1%80%A6%E1%80%B8%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8-fox-sports-%E1%80%91%E1%80%AF%E1%80%90%E1%80%BA%E1%80%95%E1%80%BC%E1%80%94%E1%80%BA