spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ မြဝတီအသင်း နိုင်ပွဲပြန်လည်ရရှိ

အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ မြဝတီအသင်း နိုင်ပွဲပြန်လည်ရရှိ

 

၉ ဇန်နဝါရီ

၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၆) ဒုတိယနေ့ကို ယနေ့ညနေ ၃ နာရီခွဲက အောင်ဆန်းကွင်း၌ ဆက်လက်ကျင်းပရာ လက်ရှိချန်ပီယံ မြဝတီအသင်း နိုင်ပွဲပြန်လည်ရရှိခဲ့သည်။

မြဝတီအသင်းသည် တက္ကသိုလ် အသင်းနှင် ယှဉ်ပြိုင်ခဲ့ပြီး ၁၃ ဂိုး-ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ ပွဲစဉ် (၅)တွင် မထင်မှတ်ဘဲ သရေပွဲကြုံတွေ့ခဲ့သည့် မြဝတီအသင်းသည် ယခုတစ်ပတ်တွင် နိုင်ပွဲပြန်ရရန် ကြိုးစားခဲ့ပြီး ခြေအသာဖြင့်ကစားကာ ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။

တက္ကသိုလ်အသင်းသည် ရှုံးပွဲဆက်နေမှုကို အဆုံးသတ်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း မြဝတီအသင်းကို ယှဉ်ကစားနိုင်ခြင်းမရှိ၍ ခြောက်ပွဲဆက်ရှုံးပွဲကြုံတွေ့ခဲ့သည်။

မြဝတီအသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ပွဲအစလေးမိနစ်မှာပင် ဝင်းသိဂီထွန်းက အဖွင့်ဂိုးစတင်သွင်းယူခဲ့သည်။ ဂိုးရပြီးနောက်ပိုင်းတွင် မြဝတီအသင်းက စိတ်ကြိုက်ဖိကစားသွားပြီး တက္ကသိုလ်အသင်းမှာမူ ပေးဂိုးနည်းရန်သာ ကြိုးပမ်းခဲ့ရသည်။

မြဝတီအသင်းအတွက် တိုက်စစ်မှူး ဝင်းသိဂီထွန်းက ၂၈၊ ၅၇၊ ၆၇၊ ၈၁၊ ၈၄၊ ၈၅ မိနစ်တွင် ဂိုးများထပ်မံသွင်းယူကာ တစ်ဦးတည်း ခုနစ်ဂိုးသွင်းယူခဲ့ပြီး ကျန်အနိုင်ဂိုးများကို ၂၃၊ ၉၀+၂ မိနစ်တွင် ရူပါခိုင်နှင့် ၅၃၊ ၆၉ မိနစ်တွင် မေသူကျော်တို့က နှစ်ဂိုးစီ၊ ၇ မိနစ်တွင် လှယဉ်ဝင်း၊ ၇၁ မိနစ်တွင် မိဆက်တို့က တစ်ဂိုးစီသွင်းယူခဲ့သည်။ 

ပွဲစဉ် (၆) တတိယနေ့ကို ဇန်နဝါရီ ၁၀ ရက် (ယနေ့)ညနေ ၃ နာရီခွဲတွင် အောင်ဆန်းကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး သစ္စာအားမာန်အသင်းနှင့် ဂန္ဓမာအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%9C%E1%80%AD%E1%80%82%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%9C%E1%80%80%E1%80%BA%E1%80%9B%E1%80%BE%E1%80%AD%E1%80%81%E1%80%BB%E1%80%94%E1%80%BA%E1%80%95%E1%80%AE%E1%80%9A%E1%80%B6-%E1%80%99%E1%80%BC%E1%80%9D%E1%80%90%E1%80%AE%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8-%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%95%E1%80%BC%E1%80%94%E1%80%BA%E1%80%9C%E1%80%8A%E1%80%BA%E1%80%9B%E1%80%9B%E1%80%BE%E1%80%AD