ရန်ကုန် ဇန်နဝါရီ ၁ဝ
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပမည့် ၂ဝ၁၉ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးဘောလုံးပြိုင်ပွဲများကို အခမဲ့ရုပ်သံလိုင်းဖြစ်သည့် MRTV-4 ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
၂ဝ၁၉ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များကို ဇန်နဝါရီ ၁၂ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်ရာ အဆိုပါ ပွဲစဉ်များကို MRTV-4 ရုပ်သံလိုင်းမှ အပတ်စဉ် နှစ်ပွဲနှုန်းဖြင့် ထုတ်လွှင့်ပြသမည့်အပြင် My Sports FB မှလည်း Live Stream ပြသပေးမည်ဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၁)တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်း၊ စစ်ကိုင်းယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ ဒဂုံအသင်းနှင့် ဇွဲကပင်ယူနိုက်တက်အသင်း၊ ဆောက်သမ်မြန်မာအသင်းနှင့် ချင်းလန်းအသင်း၊ ရတနာပုံအသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်း၊ ရခိုင်ယူနိုက်တက်အသင်းနှင့် မကွေးအသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
Crd:မြ၀တီသတင်းစာ