spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း အိန္ဒိယနိုင်ငံ၌ကျင်းပမည့် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း အိန္ဒိယနိုင်ငံ၌ကျင်းပမည့် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်

 
ရန်ကုန်    ဇန်နဝါရီ    ၁ဝ
 
၂ဝ၂ဝ အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲအတွက်ပြင်ဆင်မှုများပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် အိန္ဒိယနိုင်ငံ၌ကျင်းပမည့် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အတည်ပြုထုတ်ပြန်ထားသည်။
 
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ၂ဝ၂ဝ အိုလံပစ်ဒုတိယအဆင့် ခြေစစ်ပွဲစဉျများကို ဧပြီလတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
 
''အိုလံပစ်ဒုတိယအဆင့် ခြေစစ်ပွဲယှဉ်ပြိုင်ကစားရမယ့်  မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအတွက် ပြင်ဆင်မှုတစ်ရပ်အနေနဲ့  ထိုင်းအသင်းနဲ့ခြေစမ်းမယ့်အစီအစဉ်က ပျက်ပြယ်ခဲ့ပါတယ်။  ဒါကြောင့် အိန္ဒိယနိုင်ငံမှာကျင်းပမယ့်  အမျိုးသမီးဖိတ်ခေါ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာပါ။
 
ဒီပြိုင်ပွဲမှာ အသင်းလေးသင်းပါဝင်ပါမယ်။ ဘယ်အသင်းတွေ ပါဝင်မယ်ဆိုတာတော့ သေချာမသိသေးပါဘူး။ ခြေစမ်းပွဲမဟုတ်ဘဲ  ပြိုင်ပွဲပုံစံကစားပြီး ပြင်ဆင်ခွင့်ရတာဖြစ်လို့ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအတွက် ပြင်ဆင်မှုပိုရမှာပါ'' ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် CEO ဦးဘုန်းနိုင်ဇော်က ပြောသည်။
 
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ပထမအဆင့်ခြေစစ်ပွဲ အုပ်စု (ဃ)ကို ရန်ကုန်မြို့၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ရာ အုပ်စုပထမနေရာမှ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
 
Crd:မြ၀တီသတင်းစာ

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%9C%E1%80%80%E1%80%BA%E1%80%9B%E1%80%BD%E1%80%B1%E1%80%B8%E1%80%85%E1%80%84%E1%80%BA%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8-%E1%80%A1%E1%80%AD%E1%80%94%E1%80%B9%E1%80%92%E1%80%AD%E1%80%9A%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%81%8C%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%99%E1%80%8A%E1%80%BA%E1%80%B7-%E1%80%96%E1%80%AD%E1%80%90%E1%80%BA%E1%80%81%E1%80%B1%E1%80%AB%E1%80%BA%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2