spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကယားပြည်နယ်နေ့အထိမ်းအမှတ် စက်ဘီးစီးပြိုင်ပွဲကျင်းပ

ကယားပြည်နယ်နေ့အထိမ်းအမှတ် စက်ဘီးစီးပြိုင်ပွဲကျင်းပ

 
လွိုင်ကော် ဇန်နဝါရီ ၁၂
 
(၆၇)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် အသက် ၅ဝ နှစ်အထက် အမျိုးသား၊ အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲနှင့် အလွတ်တန်း အမျိုးသား၊အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲကို ယမန်နေ့ နံနက် ၇ နာရီက လွိုင်ကော်မြို့နယ် ထေးသမရပ်ကွက်ရှိ ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)ရှေ့၌ကျင်းပကြောင်းသိရသည်။
 
စက်ဘီးစီးပြိုင်ပွဲတွင် အသက် ၅ဝနှစ်အထက် အမျိုးသား ၂၃ ဦး၊ အမျိုးသမီးခြောက်ဦး၊ အလွတ်တန်းအမျိုးသား ၃ဝ ဦး၊ အမျိုးသမီး ၁၉ ဦး စုစုပေါင်း ၇၈ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
 
ထို့နောက် စက်ဘီးစီးပြိုင်ပွဲတွင်ဆုရရှိသူများကို ကယားပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို၊ ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးညွန့်ဝေ၊ ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးကျော်လွင်တို့က ဆုများပေးအပ်ရာ ပထမဆု ငွေကျပ်တစ်သိန်း၊ ဒုတိယဆု ငွေကျပ်ခုနစ်သောင်းခွဲ၊ တတိယဆု ငွေကျပ်ငါးသောင်း၊   နှစ်သိမ့်ဆု ငွေကျပ်နှစ်သောင်းပေးအပ်ကြောင်းသိရသည်။
 
 
Crd:မြ၀တီသတင်းစာ
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%9A%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%94%E1%80%B1%E1%80%B7%E1%80%A1%E1%80%91%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA-%E1%80%85%E1%80%80%E1%80%BA%E1%80%98%E1%80%AE%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95