spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခု ဖြင့် အောင်မြင်ခဲ့သော မြန်မာကြက်တောင် အားကစားသမားများအားကြိုဆို

ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခု ဖြင့် အောင်မြင်ခဲ့သော မြန်မာကြက်တောင် အားကစားသမားများအားကြိုဆို

ရန်ကုန်၊ ဇန်နဝါရီလ (၁၃)ရက်။

နီပေါနိုင်ငံ၊ ဘီရတ်နာဂါမြို့တွင် ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ (၈)ရက်မှ (၁၂)ရက် အထိ ကျင်းပခဲ့သော President Cup Junior International Badminton ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခု ဖြင့် အောင်မြင် ခဲ့ပြီး မြန်မာမှ အသက်(၁၉)နှစ်အောက် (၂) ယောက်တွဲပြိုင်ပွဲတွင် ဇော်လင်းထူးနှင့် သူရိန် တို့အတွဲက နီပေါနိုင်ငံအားကစားသမား (၂)ဦးကို ပထမပွဲရမှတ် ၁၉-၂၁ ဖြင့်လည်ကောင်း၊ ဒုတိယပွဲရမှတ် ၂၆-၂၁ ဖြင့်လည်းကောင်း၊ တတိယပွဲရမှတ် ၂၁- ၁၈ မှတ်ဖြင့်အနိုင်ရရှိကာ တစ်ပွဲရှုံး၊ နှစ်ပွဲနိုင်ဖြင့် ရွှေတံဆိပ်ဆု ကိုဆွတ်ခူးခဲ့၍လည်းကောင်း၊ အသက် (၁၅)နှစ်အောက် တစ်ဦးချင်း ဗိုလ်လုပွဲပြိုင်ပွဲတွင် ဇော်လင်းထူးက  နီပေါနိုင်ငံ ကစားသမားကို ပထမပွဲရမှတ် ၁၅-၂၁ ဖြင့်လည်းကောင်း၊ ဒုတိယပွဲရမှတ် ၂၁-၂၆ ဖြင့်လည်းကောင်း၊ တတိယပွဲရမှတ် ၁၁-၂၁ မှတ်ဖြင့်  တစ်ပွဲနိုင်၊ နှစ်ပွဲရှုံးဖြင့် ငွေတံဆိပ်ဆု ကိုဆွတ်ခူးခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် အိမ်ရှင်နီပေါနိုင်ငံ၊ မြန်မာနိုင်ငံ၊ အိန္ဒယနိုင်ငံနှင့် ပါက္ကစတန်နိုင်ငံ တို့ဝင်ရောက် ယှဉ်ပြိင်ခဲ့ကြသည်။

 

ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခုဖြင့် အောင်မြင်ခဲ့သော မြန်မာကြက်တောင် အားကစားသမားများသည် ယနေ့နံနက် (၁၁) နာရီ (၄၅)မိနစ် အချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိရာ မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ပိုင်၊ ဒုတိယဥက္ကဌ ဦးစိုင်းပိုင်းမုန့်နှင့် အတွင်းရေးမှူး၊ အမှုဆောင်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူး ဦးကျောင်မင်းသန်းနှင့် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)မှ သင်တန်းသား/သင်တန်းသူများ၊ မိဘဆွေမျိုးများက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%90%E1%80%B6%E1%80%86%E1%80%AD%E1%80%95%E1%80%BA%E1%81%81%E1%80%81%E1%80%AF%E1%81%8A-%E1%80%84%E1%80%BD%E1%80%B1%E1%80%90%E1%80%B6%E1%80%86%E1%80%AD%E1%80%95%E1%80%BA%E1%81%81%E1%80%81%E1%80%AF-%E1%80%96%E1%80%BC%E1%80%84%E1%80%BA%E1%80%B7-%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%84%E1%80%BA%E1%80%81%E1%80%B2%E1%80%B7%E1%80%9E%E1%80%B1%E1%80%AC-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%80%E1%80%BC%E1%80%80%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%99%E1%80%AC%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%BC%E1%80%AD%E1%80%AF%E1%80%86%E1%80%AD%E1%80%AF