spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဗန်းမော်မြို့၌ ကာယဗလနှင့် အမျိုးသားကာယကြံ့ခိုင်မှုပြိုင်ပွဲကျင်းပ

ဗန်းမော်မြို့၌ ကာယဗလနှင့် အမျိုးသားကာယကြံ့ခိုင်မှုပြိုင်ပွဲကျင်းပ

ရန်ကုန်၊ ဇန်နဝါရီ (၁၃)ရက်။

မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအဖွဲ့ချုပ်၏ ကူညီပံ့ပိုးမှုဖြင့် ဗန်းမော်မြို့နယ် ကာယဗလနှင့် အလေးမအသင်း (၇၂)နှစ်ပြည့် အထိမ်းအမှတ် ကာယဗလနှင့် အမျိုးသား ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကို ဇန်နဝါရီ (၁၂) ရက် ညပိုင်းက ဗန်းမော်မြို့ မင်္ဂလာသိမ်မဟာခန်းမ၌ ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် လူသစ်တန်း ကာယဗလမောင် ၁၅ ဦး၊ အလွတ်တန်းမောင် ခုနှစ်ဦး၊ မင်းဖီးစစ် အမျိုးသားကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲဝင် ကိုးဦး ပါဝင်ပြိုင်ခဲ့ကြသည်။

ရှေးဦးစွာ လူသစ်တန်းနှင့် အလွတ်တန်းကာယဗလမောင် ဆန်ခါတင်ငါးဦးစီ၊ အမျိုးသားကာယကြံ့ခိုင်မှု ဆန်ခါတင်ငါးဦး ရွေးချယ်ခဲ့ကြပြီး ဗိုလ်လုပွဲကို ဆက်လက် ယှဉ်ပြိုင်ခဲ့ကြရာ ပထမ၊ ဒုတိယ၊ တတိယရရှိသူများအား မြန်မာနိုင်ငံ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးကျော်စိန်သန်းနှင့် တာဝန်ရှိသူများကဆုများ ချီးမြႇင့်ပေးခဲ့ကြသည်။

ဆက်လက်၍ အဖွဲ့ချုပ်မှ မောင်မြန်မာ ကမ္ဘာ့အဆင့်၊ အာရှအဆင့်တွင် ရွှေတံဆိပ်ဆုရ ထွန်းမင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပထမ ရွှေတံဆိပ် ဆုရမယ် မြန်မာမီမီ ကျော်နိုင်၊ ငွေတံဆိပ်ဆုရ ကချင်ပြည်နယ် ကာယဗလမောင် ဂျော်ဝါးနောင်၊ ၂ဝ၁၈ တံခွန်စိုက်ဒိုင်းဆုရ ကာယဗလမောင် ဇော်တောင်နှင့် ကာယကြံ့ခိုင်မယ် တတိယဆုရ မသင်းညွန့်ထွန်းတို့က သရုပ်ပြသခဲ့ကြပြီး မြို့နယ်ကာယဗလနှင့် အလေးမအသင်း ဥက္ကဌ ဦးကျော်လင်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြႇင့် ခဲ့ကြကြောင်း သိရသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%97%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%B1%E1%80%AC%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%81%8C-%E1%80%80%E1%80%AC%E1%80%9A%E1%80%97%E1%80%9C%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%80%E1%80%AC%E1%80%9A%E1%80%80%E1%80%BC%E1%80%B6%E1%80%B7%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%BE%E1%80%AF%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95