spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကယားပြည်နယ်နေ့အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲယှဉ်ပြိုင်

ကယားပြည်နယ်နေ့အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲယှဉ်ပြိုင်

 
 
လွိုင်ကော် ဇန်နဝါရီ ၁၄
 
(၆၇)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အမျိုးသား၂၅ဝ ဦး၊ အမျိုးသမီး ၉၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။ ရှေးဦးစွာ မီနီမာရသွန်ပြိုင်ပွဲကို ဒီးမော့ဆိုမြို့နယ် အားကစားကွင်းရှေ့၌ တာလွှတ်ရာ လွိုင်ကော်မြို့ မင်္ဂလာရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းရှေ့၌ ပန်းဝင်ကြပြီး ဆုရရှိသောကစားသမားများကို အားကစားနှင့်ကာယပညာသိပ်ပံကျောင်း (လွိုင်ကော်)မှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူတို့က ဆုများပေးအပ်သည်။ အမျိုးသားပြိုင်ပွဲတွင် အောင်ကျော်မြင့် ပထမ၊ မျိုးမင်းသိန်း ဒုတိယ၊ အောင်စိုးလှိုင် တတိယ၊ လွီးဇီစတုတ်ထ၊ ရဲလင်းအောင် ပဉ္စမတို့ ရရှိပြီး အမျိုးသမီးပြိုင်ပွဲတွင် မလွီးဇာ ပထမ၊ မကိုမြာမိုးဘူး ဒုတိယ၊ မယွန်းရွှေရည်ဝင်း တတိယ၊ မရီးမြာ စတုတ္ထ၊ မကေသီအောင် ပဉ္စမတို့ အသီးသီးရရှိပြီး ပထမဆုငွေကျပ် သုံးသိန်း၊ ဒုတိယဆုငွေကျပ် နှစ်သိန်းခွဲ၊ တတိယဆုငွေကျပ် နှစ်သိန်း၊ စတုတ္ထဆုငွေကျပ် တစ်သိန်းခွဲ၊ ပဉ္စမဆုငွေကျပ် တစ်သိန်းနှင့် နှစ်သိမ့်ဆုရရှိသော အမျိုးသား ၄ဝ ဦး၊ အမျိုးသမီး ၄ဝ ဦးအား ဆုများပေးအပ်ကြောင်း သိရသည်။
 
Crd:မြ၀တီသတင်းစာ

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%9A%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%94%E1%80%B1%E1%80%B7%E1%80%A1%E1%80%91%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA-%E1%80%99%E1%80%AE%E1%80%94%E1%80%AE%E1%80%99%E1%80%AC%E1%80%9B%E1%80%9E%E1%80%BD%E1%80%94%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%9A%E1%80%BE%E1%80%89%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA