နေပြည်တော်၊ ဇန်န၀ါရီလ( ၁၈ )ရက်။
မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ်ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(A)ရုံ၌ကျင်းပပြုလုပ်ရာ ဗန်တိုအတိုက်ပြိုင်ပွဲအဖြစ် အမျိုးသား(၆၅-၆၉)ကီလိုတန်းပြိုင်ပွဲကို ယှဉ်ပြိုင်ကစားကြရာ ယွမ်းဘူလိန်း(ချင်း)၊ စိုင်းနောင့်(ရှမ်း)၊ ဇင်မင်းဦး(ပဲခူး)တို့မှလည်းကောင်း၊ အမျိုးသား(၆၉)ကီလိုအထက်ပြိုင်ပွဲတွင် သောင်းခန့်ဇင်(ပဲခူး)၊ အွမ်မဲင်းဟာ(ချင်း)၊ အောင်ကျော်ဆန်း(နေပြည်တော်)တို့မှလည်းကောင်း၊ အမျိုးသား(၄၅-၄၉)ကီလို တန်းပြိုင်ပွဲတွင် လပြည့်(ရန်ကုန်)၊ မင်းမင်းထိုက်(မန္တလေး)၊ ထွန်းရဲလင်း(ရှမ်း)၊ အောင်မြတ်သူ (စစ်ကိုင်း)တို့မှလည်းကောင်း၊ အမျိုးသမီး(၄၅-၄၉)ကီလိုတန်းပြိုင်ပွဲတွင် ခင်မိုးအေး(တနင်္သာရီ)၊ နွေးယုယုဆွေ(ရန်ကုန်)၊ ချယ်ရီသန်း(ပဲခူး)၊ ဝေဝေသင်း(ရှမ်း)တို့မှလည်းကောင်း၊ အမျိုးသား(၄၉-၅၃)ကီလိုတန်းပြိုင်ပွဲတွင် အောင်နိုင်၀င်း(ရှမ်း)၊ ကောင်းမြတ်မွှေး(ပဲခူး)၊ ဇော်၀င်းဦး(ရန်ကုန်)၊ ချစ်မင်းသူ(တနင်္သာရီ)တို့မှလည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။

ဆက်လက်၍ ဓါးသိုင်းအတိုက်ပြိုင်ပွဲများအဖြစ် အမျိုးသား(ဓါး-၂)(၅၀-၅၅)ကီလိုတန်းပြိုင်ပွဲများယှဉ်ပြိုင်ရာတွင် ထက်မြက်မျိုး(မကွေး)၊ ရဲမင်းအောင်(ရန်ကုန်)တို့မှလည်းကောင်း၊ အမျိုးသမီး(ဓါး-၂)(၅၀-၅၅)ကီလိုတန်းပြိုင်ပွဲများယှဉ်ပြိုင်ရာတွင် ခင်သစ္စာအောင်(စစ်ကိုင်း)၊ အေးအေး၀င်း(မန္တလေး)တို့မှလည်းကောင်း၊ အမျိုးသား(ဓါး-၂)(၅၅-၆၀)ကီလိုတန်းပြိုင်ပွဲတွင် မျိုးမင်းအောင်(မကွေး)၊ တင်ထူးဇော် (ရန်ကုန်)၊ နိုင်ဇော်ထက်အောင်(မန္တလေး)၊ ပြည်ငြိမ်းချမ်း(စစ်ကိုင်း)တို့မှလည်းကောင်း၊ အမျိုးသမီး(ဓါး-၁)(၄၀-၄၅)ကီလိုတန်းပြိုင်ပွဲတွင် နွယ်နွယ်၀င်း(ဧရာ၀တီ)၊ မိုးမိုးသဲ(ရှမ်း)၊ မေသဇင်ဖြိုး(မကွေး)၊ ဖြိုးအိကျော်(မန္တလေး)တို့မှလည်းကောင်း၊ အမျိုးသား(ဓါး-၁)(၄၅-၅၀) ကီလိုတန်းပြိုင်ပွဲတွင် ၀ဏ္ဏထွန်း(ရန်ကုန်)၊ လှိုင်ချစ်ဦး(မန္တလေး)၊ ထွန်းသီဟစိုး(တနင်္သာရီ)၊ မျိုးနိုင်၀င်း(ရှမ်း)တို့မှလည်းကောင်း၊ အမျိုးသား(ဓါး-၁) (၅၀-၅၅) ကီလိုတန်းပြိုင်ပွဲတွင် ၀င်းထက်အောင်ကျော်(ကချင်)မှလည်းကောင်းအသီးသီးအနိုင်ရရှိသွားပါသည်။

အဆိုပါ ၂၀၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲကို (၂၁.၁.၂၀၁၉)ရက်နေ့အထိ နေ့စဉ် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(A)ရုံ၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် မြန်မာ့သိုင်းအားကစားနည်းကို စိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။