spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

 
 
နေပြည်တော်၊ ဇန်န၀ါရီလ(၁၈)ရက်။
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၁)နှစ်အောက် ဘောလုံးပြိုင်ပွဲကို ယနေ့ညနေ(၃)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း(၁)၌ ရှမ်းပြည်နယ်အသင်းနှင့် နေပြည်တော်အသင်းတို့ယှဉ်ပြိုင်ကြရာ အချိန်ပိုအထိ ဂိုးမရှိသရေကျနေပါသဖြင့် ပင်နယ်တီအဆုံးဖြတ်ခံယူရာ နေပြည်တော်အသင်းမှ ရှမ်းပြည်နယ်အသင်းအား (၆)ဂိုး၊ (၅)ဂိုးဖြင့်လည်းကောင်း၊ ၀ဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း(၃)၌ တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ချင်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကြရာ တနင်္သာရီ တိုင်းဒေသကြီးအသင်းမှ ချင်းပြည်နယ်အသင်းအား (၃)ဂိုး၊ (၂)ဂိုးဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။
 
 
 
(၁၉.၁.၂၀၁၉)ရက်နေ့တွင် ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် ညနေ(၃:၀၀)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း(၁)၌ မွန်ပြည်နယ်အသင်းနှင့် ဧရာ၀တီတိုင်းဒေသကြီးအသင်းတို့သည်လည်းကောင်း၊ ၀ဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း(၃)၌ ကချင်ပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါ၀င်စားသောမိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်းသိရှိရပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%A1%E1%80%9E%E1%80%80%E1%80%BA%E1%81%82%E1%81%81%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95