spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၁)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၁)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

 
နေပြည်တော်၊ ဇန်န၀ါရီလ(၁၉)ရက်။
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၁၉ ခုနှစ်၊တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၁)နှစ်အောက် ဘောလုံးပြိုင်ပွဲကို ယနေ့ညနေ(၃)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း(၁)၌ ဧရာ၀တီတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ယှဉ်ပြိုင်ကြရာ မွန်ပြည်နယ်အသင်းမှ ဧရာ၀တီတိုင်းဒေသကြီးအသင်းအား (၅)ဂိုး၊ (၂)ဂိုးဖြင့်လည်းကောင်း၊ ၀ဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း(၃)၌ မကွေးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ယှဉ်ပြိုင်ကြရာ မကွေးတိုင်းဒေသကြီးအသင်းမှ ကချင်ပြည်နယ်အသင်းအား (၄)ဂိုး၊ (၂)ဂိုးဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။
 
 
 
(၂၀.၁.၂၀၁၉)ရက်နေ့တွင် ပြိုင်ပွဲများနားမည်ဖြစ်ပြီး (၂၁.၁.၂၀၁၉)ရက်နေ့တွင် ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း၌ နံနက်(၇:၀၀)နာရီအချိန်တွင် နေပြည်တော်အသင်းနှင့်တနင်္သာရီတိုင်းဒေသကြီးအသင်းတို့သည်လည်းကောင်း၊ ညနေ(၃:၀၀)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း၌ မွန်ပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့သည်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%A1%E1%80%9E%E1%80%80%E1%80%BA%E1%81%82%E1%81%81%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95