နေပြည်တော်၊ ဇန်န၀ါရီလ( ၁၉ )ရက်။
မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ်ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲများကို ယနေ့နံနက်(၉) နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(A)ရုံ၌ကျင်းပပြုလုပ်ရာ ဗန်တိုအတိုက်ပြိုင်ပွဲအဖြစ် အမျိုးသား(၅၃-၅၇)ကီလိုတန်းပြိုင်ပွဲကို ယှဉ်ပြိုင်ကစားကြရာ ဝိုင်းချစ်(မန္တလေး)၊ ကံမာ(ရှမ်း)၊ အောင်ဇော်မျိုး(မကွေး)၊ လင်းလင်းထိန်(တနင်္သာရီ)တို့မှလည်းကောင်း၊ အမျိုးသား(၅၇-၆၁)ကီလိုတန်းပြိုင်ပွဲတွင် ရဲရင့်အောင်(စစ်ကိုင်း)၊ အွမ်မန်(ချင်း)၊ ထက်ပိုင်မှူး(မန္တလေး)၊ ထွန်းလင်းနိုင်(ကချင်)တို့မှလည်းကောင်း၊ အမျိုးသား(၆၁-၆၅)ကီလိုတန်းပြိုင်ပွဲတွင် မြင့်မြတ်ဦး(မန္တလေး)၊ ညီထူး(ရှမ်း)၊ ဝေယံစိုး(နေပြည်တော်)၊ ချမ်းမြေ့အောင်(ကချင်)တို့မှလည်းကောင်း၊ အမျိုးသား(၄၅-၄၉)ကီလိုတန်းပြိုင်ပွဲတွင် မင်းမင်းထိုက်(မန္တလေး)၊ အောင်မြတ်သူ(စစ်ကိုင်း)၊ အမျိုးသမီး(၄၅-၄၉)ကီလိုတန်းပြိုင်ပွဲတွင် ခင်မိုးအေး(တနင်္သာရီ)၊ ချယ်ရီသန်း(ပဲခူး)တို့မှလည်းကောင်း၊ အမျိုးသား(၄၉-၅၃)ကီလိုတန်းပြိုင်ပွဲတွင် ကောင်းမြတ်မွှေး(ပဲခူး)၊ ဇော်၀င်းဦး(ရန်ကုန်)တို့မှလည်းကောင်း၊ အမျိုးသမီး(၄၉-၅၃)ကီလိုတန်းပြိုင်ပွဲတွင် ခင်နှောင်းတင့်(ရှမ်း)၊ မေဇင်ဦး(ရန်ကုန်)တို့မှလည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။

ဆက်လက်၍ ဓါးသိုင်းအတိုက်ပြိုင်ပွဲများအဖြစ် အမျိုးသား(ဓါး-၁)(၅၀-၅၅)ကီလိုတန်းပြိုင်ပွဲများယှဉ်ပြိုင်ရာတွင် စည်သူအောင်(ဧရာ၀တီ)၊ ဇေယျာ၀င်း(ရန်ကုန်)၊ ရန်အောင်ဆန်း(မန္တလေး)တို့မှလည်းကောင်း၊ အမျိုးသား(ဓါး-၂)(၄၅-၅၀)ကီလိုတန်းပြိုင်ပွဲများယှဉ်ပြိုင်ရာတွင် မျိုးထက်ဇော်(မကွေး)၊ ကျော်ဇင်ဖြိုး(ရန်ကုန်)တို့မှလည်းကောင်း၊ အမျိုးသား(ဓါး-၂)(၅၀-၅၅)ကီလိုတန်းပြိုင်ပွဲတွင် ဥက္ကာဖြိုး(မန္တလေး)၊ ထက်မြက်မျိုး(မကွေး)၊ ရဲမင်းအောင်(ရန်ကုန်)၊ စည်သူအောင်(ကချင်)တို့မှလည်းကောင်း၊ အမျိုးသား(ဓါး-၁)(၄၀-၄၅)ကီလိုတန်းပြိုင်ပွဲတွင် ခန့်ဖြိုးအောင်(ရန်ကုန်)၊ ထွန်းထွန်း၀င်း(မန္တလေး)၊ အမျိုးသမီး(ဓါး-၁)(၄၀-၄၅)ကီလိုတန်းပြိုင်ပွဲတွင် မိုးမိုးသဲ(ရှမ်း)၊ မေသဇင်ဖြိုး(မကွေး)တို့မှလည်းကောင်း၊ အမျိုးသား(ဓါး-၁)(၄၅-၅၀)ကီလိုတန်းပြိုင်ပွဲတွင် လှိုင်ချစ်ဦး(မန္တလေး)၊ မျိုးနိုင်၀င်း (ရှမ်း)တို့မှလည်းကောင်း၊ အမျိုးသမီး(ဓါး-၁) (၄၅-၅၀)ကီလိုတန်းပြိုင်ပွဲတွင် ဇင်မိုးမိုးထွေး(မကွေး)မှလည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။

ဆက်လက်၍ အသင်းလိုက်စွမ်းရည်ပြ (၁+၁) (မ)ပြိုင်ပွဲအဖြစ်ယှဉ်ပြိုင်ရာတွင် မွန်ပြည်နယ်အသင်းမှ ပထမ၊ မကွေးတိုင်းဒေသကြီးအသင်းမှ ဒုတိယ၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ တတိယကိုလည်းကောင်း၊ အသင်းလိုက်စွမ်းရည်ပြ (၁+၁)(ကျား/မ)ပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ရာတွင် မကွေးတိုင်းဒေသကြီးအသင်းမှ ပထမ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဒုတိယ၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ တတိယကိုလည်းကောင်း၊ အသင်းလိုက်စွမ်းရည်ပြ (၁+၂)(ကျား/မ)ပြိုင်ပွဲများအဖြစ်ယှဉ်ပြိုင်ရာတွင် မကွေးတိုင်းဒေသကြီးအသင်းမှ ပထမ၊ မန္တလေးတိုင်းဒေသကြီးမှ ဒုတိယ၊ ရှမ်းပြည်နယ်အသင်းမှ တတိယကိုလည်းကောင်း အသီးသီးအနိုင်ရရှိသွားကြောင်းသိရှိရပါသည်။
အဆိုပါ ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲကို (၂၁.၁.၂၀၁၉)ရက်နေ့အထိ နေ့စဉ် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(A)ရုံ၌ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် မြန်မာ့သိုင်းအားကစားနည်းကို စိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။